International Celebrity: တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေတဲ့ ဘရွတ်ကလင်းဘက်ခမ်း

မိဘနဲ့ ခွဲပြီး တက္ကသိုလ်ကို သွားရမှာပါ။

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့သားကြီး ဘရွတ်ကလင်းဘက်ခမ်းဟာ ဒီလအစောပိုင်းကမှ အသက် ၁၈ နှစ် ပြည့်သွားခဲ့ပြီးတဲ့နောက် သူဝါသနာပါတဲ့ ဓာတ်ပုံပညာကို လေ့လာဖို့အတွက် စက်တင်ဘာလထဲမှာ တက္ကသိုလ်တက်ဖို့ သွားတော့မယ်လို့ သိရပါတယ်။

play

 

မိဘနဲ့ ခွဲခွာပြီး တက္ကသိုလ်သွားရမှာဖြစ်လို့ ဒါဟာ ဘရွတ်ကလင်းအတွက် စွန့်စားခန်းတစ်ခုဖြစ်သလို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေထိုင်ရမှာပါ။

အင်စတာဂရမ်မှာ Follower ၉.၅ သန်းရှိတဲ့ ဘရွတ်ကလင်းဟာ သူ့ရဲ့ အတ္ထုပ္ပတ္တိဓာတ်ပုံစာအုပ် What I See ကို ထုတ်မယ့်နေ့ကို ကြေညာပြီးတဲ့နောက် အခုသတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

play

 

ဘရွတ်ကလင်းဟာ မိဘတွေရဲ့ အရှိန်အဝါနဲ့ နာမည်ကျော်ကြားပြီးသားဖြစ်ပြီး မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံများစွာ ရိုက်ကူးပေးခဲ့ရပြီးဖြစ်သလို Pull & Bear အဝတ်အထည်ကုမ္ပဏီရဲ့ brand ambassador လည်း ဖြစ်ပါတယ်။

ဘရွတ်ကလင်းဟာ ဘယ်တက္ကသိုလ်ကို သွားမယ်ဆိုတာ မသိရပေမဲ့ ယခင်ကတော့ အမေရိကအတွင်းမှာပဲ ကျောင်းတက်မှာပါလို့ ပြောခဲ့ဖူးပါတယ်။

play

 

"အမေရိကမှာ အနုပညာနဲ့ ဓာတ်ပုံပညာကို လေ့လာဖို့ မျှော်လင့်ထားတယ်။ A Levels ပြီးသွားရင်ပေါ့။ ဘောလုံးကိုလည်း ချစ်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံပညာနဲ့ပဲ အသက်မွေးချင်တယ်။ ဘာဖြစ်လာမလဲတော့ မသိဘူးပေါ့" လို့ ဘောလုံးသမားဟောင်းကြီး ဘက်ခမ်းရဲ့သားကြီး ဘရွတ်ကလင်းက ပြောခဲ့ဖူးပါတယ်။

Source & Photos : Daily Mail

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ