International Celebrity: လက်ထပ်တော့မယ်လို့ ကြေညာလိုက်တဲ့ လီဆန်ဝူးနဲ့ ကင်ဆိုယွန်း

, updated

ချစ်သူတွေဖြစ်တာ ၆ လကြာခဲ့ပါပြီ။

မြန်မာပရိသတ်အကြိုက်ဆုံး ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့တဲ့ ဆည်းဆာရင်ခုန်သံ (All The Eve)  ထဲမှာ ဟိုယွန်မီအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ကင်ဆိုယွန်း (Kim So Yeon) ဟာ မင်းသား လီဆန်ဝူး (Lee Sang Woo) နဲ့ လက်ထပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

play

 

သူတို့နှစ်ယောက်ရဲ့အေဂျင်စီတွေဖြစ်တဲ့ HM Entertainment နဲ့ Namoo Actors က "သူတို့နှစ်ဦး လက်ထက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်" လို့ မတ်လ ၂၈ ရက်နေ့မှာ ပူးတွကြေညာချက် ထုတ်ပြန်ုလိုက်တာ ဖြစ်ပါတယ်။

"သူတို့နှစ်ယောက်က Happy Homes ဒရာမာဇာတ်လမ်းတွဲ စတွေ့ကြတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အားပေးဖေးမရင်း အလေးအနက်ဖြစ်သွားကြတာပါ။ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ တစ်ဦးကိုတစ်ဦး ယုံကြည်မှုကနေ အခုလို တစ်ဘဝလုံးလက်တွဲဖို့အထိ ကတိပြုလိုက်ကြတာဖြစ်တယ်" လို့ အေဂျင်စီနှစ်ခုက ပြောခဲ့ပါတယ်။

play

 

လီဆန်ဝူးနဲ့ ကင်ဆိုယွန်းတို့ဟာ ဇွန်လမှာ လက်ထပ်ဖို့ စီစဉ်ထားပြီး မင်္ဂလာပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပြီးရင် အသေးစိတ် ပြောပြသွားမယ်လို့ ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် ကင်ဆိုယွန်းနဲ့ အသက် ၃၇ နှစ်အရွယ် လီဆန်ဝူးတို့ရဲ့ Happy Home ဇာတ်ကားဟာ သူတို့ရဲ့ဘဝအစစ်တွေမှ ထင်ဟပ်သွားခဲ့ပြီး ၂၀၁၆ သြဂုတ်လ မှာ ချစ်သူတွေဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီဇာတ်ကားထဲမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် သူတို့နှစ်ဦးဟာ 2016 MBC Drama Awards ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုတွေကို အသီးသီး ရရှိခဲ့ကြပါတယ်။

Source & Photos : soompi

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ