International Celebrity: မာရီလင်မွန်ရိုးစတိုင်နဲ့ ကန်ဒဲလ်ဂျန်နာ

Love မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။

စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာဟာ Love မဂ္ဂဇင်းအတွက် ဓာတ်ပုံတွေကို ဇာဘရာလေးဝတ်လို့ ဆက်စီအကျဆုံးဖြစ်အောင် ရိုကကူးပေးခဲ့ပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ် မော်ဒယ်လေးဟာ ပန်းရောင် ဇာပါးဘရာလေးကို ဝတ်လို့ ခုန်ပေါက်နေတဲ့ဗီဒီယိုဟာ မတ်လ ၂၇ ရက်နေ့မှာ တွစ်တာကနေ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

ကန်ဒဲလ်ဟာ  La Perla အတွင်းခံလေးနဲ့ မလုံ့တလုံနဲ့ ဖြစ်နေပေမဲ့ သူမကြည့်ရတာ လွတ်လပ်ပေါ့ပါးနေခဲ့ပါတယ်။

"ကန်ဒဲလ်က ကာဗာမော်ဒယ်အဖြစ် ဓာတ်ပုံတွေ ရိုက်ပေးရတာဆိုတော့ LOVE 17 Launch အတွက် လန်ဒန်ကို လာရတယ်။ Rankin က ကန်ဒဲလ်နဲ့ တစ်ခါမှ ဗီဒီယိုမရိုက်ဖူးတော့ ရိုက်ကြည့်ချင်နေခဲ့တာ" လို့ LOVE ရဲ့ ဖက်ရှင်အယ်ဒီတာ ကေတီဂရန်းက ပြောခဲ့ပါတယ်။

play

 

"သူက အချိန်ရတာနဲ့ ကျွန်မတို့လည်း ဗီဒီယိုလုပ်လိုက်တယ်။ ကန်ဒဲလ်နဲ့ ပျော်စရာအရမ်းကောင်းတဲ့ အချိန်လေးပါပဲ" လို့ သူမက ဆိုခဲ့ပါတယ်။

ကန်ဒဲလ်ဟာ LOVE မဂ္ဂဇင်းနဲ့ လက်တွဲပြီး ရိုကကူးတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီမဂ္ဂဇင်းရဲ့ ဗီဒီယိုထုတ်လုပ်မှုတွေမှာ ကန်ဒဲလ်က အမြဲလိုလို ပါဝင်ပေးခဲ့ပြီး မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ်လည်း ၂ ကြိမ် ပါဝင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Source & Photos : Daily Mail

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ