International Celebrity: ဇာတ်ကားသစ်တစ်ကား ရိုက်ကူးဖို့ စဉ်းစားနေတဲ့ ဝန်ဘင်း

ဝန်ဘင်းကို မတွေ့မြင်ရတာ အတော်ကြာပါပြီ။

ဆောင်းဦးရွက်ကြွေ ချစ်သက်သေ (Autumn in My Heart)  ဒရာမာဇာတ်ကားထဲက ထယ်စောက်အဖြစ် မြန်မာပရိသတ်တွေ အသိများတဲ့ မင်းသား ဝူဘင်းဟာ Still Life ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်ဖို့ စဉ်းစားနေတယ်လို့ သူ့ရဲ့အေဂျင်စီက မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

play

 

ှ"Still Life ဇာတ်ကားကို မနှစ်ကတည်းက စဉ်းစားထားတာ။ ဘာမှ မဆုံးဖြတ်ရသေးပါဘူး" လို့ ဝန်ဘင်းရဲ့အေဂျင်စီ Eden 9 က ပြောခဲ့ပါတယ်။

"ဇာတ်ကားရဲ့ နောက်ဆုံးဇာတ်ညွှန်းကို ရပြီးမှ ဆုံးဖြတ်မှာပါ" လို့ ယင်းအေဂျင်စီက ပြောခဲ့ပါတယ်။

"ဒီဇာတ်ကားကို ရိုကကူးဖို့ စီစဉ်နေတုန်းပါ။ ဇာတ်ညွှန်းကို ပြန်ပြင်နေတာလည်း ၁၀ ကြိမ်လောက်ရှိပြီ။ Prison ဇာတ်ကားတုန်းကဆိုရင် မရိုက်ကူးမီ ၂၅ ကြိမ် ပြင်ဆင်ခဲ့တာဖြစ်လို့ ဒီဇာတ်ညွှန်းက ဘယ်အချိန် ပြီမလဲဆိုတာ မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဒီဇာတ်ကားအတွက် သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာနဲ့ ပတ်သက်ပြီး ဘာမှ ဆုံးဖြတ်လို့မရသေးပါဘူး" လို့ ယင်းဇာတ်ကားကို ထုတ်လုပ်မယ့် ထုတ်လုပ်ရေးကုမ္ပဏီက ပြောခဲ့ပါတယ်။

play

 

Still Life ဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ဒီနာမည်နဲ့ပဲ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားကို ပြန်လည်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မိသားစုဝင်တွေကို တစ်ဘဝလုံး လိုက်ရှာနေပြီး ဆွေမရှိမျိုးမရှိ သေဆုံးသွားကြသူတွေအတွက် ဈာပနစီစဉ်ပေးနေတဲ့ အစိုးရဝန်ထမ်းတစ်ဦးအကြောင်း ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဝန်ဘင်းအတွက် နောက်ဆုံး နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကတော့ ၂၀၁၀ ခုနှစ်မှာ ပြသခဲ့တဲ့ “The Man from Nowhere”  ဖြစ်ပါတယ်။ ဒါကြောင့် ဒီကားမှာ ပါဝင်ဖြစ်တယ်ဆိုရင်တော့ ၇ နှစ်ကျော်အတွင်း နာမည်ရမယ့်ဇာတ်ကားတစ်ခုမှာ ပါဝင်မှုလည်း ဖြစ်လာမှာပါ။

Source & Photos : soompi

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ