International Celebrity: ကောလိပ်ကျောင်းသူကြီးဖြစ်နေပြီဖြစ်တဲ့ အီမီနမ်ရဲ့သမီးလေး

သူမဘဝလေးကို ရိုးရိုးလေးပဲ ဖြတ်သန်းနေပါတယ်။

ဟေလီစကော့တ်ဟာ နာမည်ကြီး ရက်ပါအဆိုတော်ကြီးတစ်ဦးရဲ့ သမီးဖြစ်ပေမဲ့ ဖခင်လို နာမည်ကြီေးအာင် မကြိုးစားဘဲ သာမန်ဘဝလေးတစ်ခုကို ဖန်တီးကျေနပ်လို့ နေပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ် မိန်းမချောလေးဟာ မီချီဂန်ပြည်နယ်တက္ကသိုလ်မှာ ကောလိပ်ကျောင်းသူလေးတစ်ဦးအဖြစ် နေထိုင်နေပါတယ်။

သူမရဲ့ အင်စတာဂရမ်အကောင့်မှာတော့ ချစ်သူနဲ့အတူ အချိန်တွေ ကုန်ဆုံးရင်း ပျော်ရွှင်ကျန်းမာနေတဲ့ မိန်းကလေးအဖြစ် မြင်တွေ့ရပါတယ်။

play

 

အီမီနမ်ရဲ့သမီးလေးဟာ အမေတူသမီးလေးအဖြစ် ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်မှာ Chippewa Valley အထက်တန်းကျောင်း ပြီးဆုံးခဲ့တဲ့ ဟေလီဟာ သူမရဲ့ဘဝကို ထိန်းကျောင်းပဲ့ပြင်ပေးတဲ့ မိဘတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ဖူးပါတယ်။

play

 

သူမဟာ National Honor Society, Art Club, Key Club, ဘော်လီဘော နဲ့ ကျောင်းသားသမဂ္ဂအပါအဝင် လှုပ်ရှားမှုများစွာမှာ ပါဝင်ရင်း အတန်းပညာမှာလည်း ထူးချွန်နေအောင် ကြိုးစားခဲ့တဲ့ ကျောင်းသူလေး ဖြစ်ပါတယ်။

ဟေလီရဲ့အမေ ကင်မ်စကော့တ်ဟာ အီမီနမ်နဲ့ ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး နောက် ၂ နှစ်အကြာမှာ လမ်းခွဲခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပြန်လည်လက်ထပ်ပေမဲ့ သူတို့ရဲ့အိမ်ထောင်ရေးကတော့ တစ်နှစ်တောင် မခံခဲ့ပါဘူး။

မိသားစုအရေးတွေ ရှုပ်ထွေးနေပေမဲ့ ဟေလီဟာ ကောလိပ်ကျောင်းသူတစ်ယောက်အဖြစ် သူမဘဝကို ပျော်ရွှင်အောင် နေထိုင်နေပုံပါပဲ။

play

 

ဟေလီရဲ့အမေ ကင်မ်နဲ့ အီမီနမ်တို့ဟာ အရင်းနှီးဆုံး မိတ်ဆွေတွေအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးမှာ သမီးအရင်း အသက် ၁၇ နှစ်အအရွယ် ဟေလီစကော့တ်၊ အီမီနမ်ရဲ့မွေးစားသမီး အသ်က ၁၁ နှစ်အရွယ် ဝှိုက်တနေမာသာနဲ့ ကင်မ်ရဲ့အမြွှာညီမကမွေးတဲ့ သမီးလည်းဖြစ် အီမီနမ်ရဲ့မွေးစားသမီးလည်းဖြစ်တဲ့ အသက် ၂၀ အရွယ် အလန်နာမာသာဆိုတဲ့ သမီး ၃ ဦး ရှိပါတယ်။

 

ှSource & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ