AD
AD
AD

ဆရာဝန်တွေက အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပေမဲ့ သူမရဲ့သားနဲ့သမီးအတွက် နောက်ထပ် ကလေးလေးတစ်ယောက် မွေးပေးချင်တယ်လို့ ကင်မ်ကာဒါရှီယန်က ဆိုခဲ့ပါတယ်။

play

 

"ကျွန်မ နောက်ထပ် ကလေးထပ်ယူကြည့်မှထင်တယ်" လို့ အသက် ၃၆ နှစ်အရွယ် ကင်မ်ကာဒါရှီယန်က သူမရဲ့မိသားစုကို ပြောခဲ့ပါတယ်။

"ကျွန်မကလေးတွေအတွက် မောင်နှမတွေ ထပ်မွေးပေးချင်တယ်။ ဒါပေမဲ့ ဆရာဝန်တွေက ကျွန်မအတွက် အန္တရာယ်ကင်းမယ် မထင်ကြဘူး" လို့ သူမက ဆိုပါတယ်။

သူမရဲ့မိခင် ခရစ္စဂျန်နာကတော့ သမီးဖြစ်သူအတွက် စိုးရိမ်နေပုံပါပဲ။

"သမီးကို အန္တရာယ်ဖြစ်စေနိုင်တဲ့အရာကို မလုပ်စေချင်ဘူး" လို့ ခရစ္စဂျန်နာက ပြန်ပြောခဲ့ပါတယ်။

play

 

ကာညေးဝက်စ်ရဲ့ဇနီး ကင်မ်ဟာ အငှားကိုယ်ဝန်ဆောင်နဲ့ ကလေးမွေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့သမီး နော့သ်နဲ့ သားဖြစ်သူ စိန့်တို့ဟာ နောက်ထပ် မွေးချင်းတစ်ယောက် ဘယ်တော့ရမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ဒိန်မွန်သောမတ်စ်၊ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ခရစ္စဟမ်ဖားယားတို့နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာမှ ကာညေးဝက်စ်နဲ့ လက်ထပ်ခဲ့တဲ့ ကင်မ်ဟာ အရင် အိမ်ထောင် နှစ်ဆက်နဲ့ ကလေးမယူခဲ့ဘဲ ကာညေးဝက်စ်နဲ့ ကလေးနှစ်ဦးယူခဲ့တာ ဖြစ်ပါတယ်။

သမီးအကြီးလေး နော့သ်ဝက်စ်က အခု အသက် ၃ နှစ်ရှိပြီဖြစ်ပြီး စိန့်ဝက်စ်လေးကတော့ အသက် ၁ နှစ်သာ ရှိပါသေးတယ်။

Source & Photos : vogue

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD