International Celebrity: ရည်းစားသစ်ထားဖို့ အဆင်သင့်ဖြစ်နေတဲ့ ကေတီပယ်ရီ

အော်လန်ဒိုဘလွန်းကို ခေါင်းထဲ ထည့်ပုံမရတော့ပါဘူး။

ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွန်းနဲ့ မကြာသေးမီကမှ လမ်းခွဲလိုက်တဲ့ ကေတီပယ်ရီ (Katy Perry) ဟာ တကိုယ်တည်းသမားဖြစ်နေတဲ့ မင်းသား ရိုင်ယန်ဖီးလစ် (Ryan Phillippe) နဲ့ မွေးနေ့ပွဲတစ်ခုမှာ အရမ်းကို တရင်းတနှီးရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့စနေနေ့က လော့ဆန်းဂျလိစ်မှာ ပြုလုပ်တဲ့ ဆယ်လီတွေနဲ့ပြည့်နေတဲ့ Elton John ရဲ့မွေးနေ့မှာ သူတို့နှစ်ဦးဟာ တတွဲတွဲ မခွဲတမ်းဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

"ကေတီက တခစ်ခစ်နဲ့ ရယ်နေတာ။ ရိုင်ယန်က ကေတီရဲ့ဒူးကို လှမ်းကိင်လိုက်သေးတယ်။ ပြီးတော့ လက်ကိုရုတ်လိုက်တယ်။ ပြီးတော့ အဲဒီထက်ပိုတဲ့ အတို့အထိတွေနဲ့ ပရောပရည်ဖြစ်နေကြတာ" လို့ မျက်မြင်တစ်ဦးက ဆိုပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ်ကေတီပယ်ရီဟာ ရင်ဟိုက် အနက်ရောင်ဝတ်စုံနဲ့ အလှကြီးလှနေတာကို မြင်တွေ့ရပါတယ်။

ကေတီထက် ၁၀ နှစ်လောက်ကြီးတဲ့ ရိုငယန်ကတော့ ရှပ်အင်္ကျီဖြူပေါ်မှာ ကုတ်အင်္ကျီကို ထပ်ဝတ်လို့ စတိုင်ကျကျ သားနားနေခဲ့ပါတယ်။ ရှပ်အင်္ကျီကိုလည်း အပေါ်ကြယ်သီးတစ်လုံးဖြုတ်ထာသေးရာ လုံးဝကို ဆက်စီကျနေပါတယ်။

play

 

ကေတီပယ်ရီနဲ့ ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွမ်းဟာ ၂၀၁၆ ဇန်နဝါရီလကတည်းက တွဲခဲ့တာ ဖြစ်ပါတယ်။ အော်လန်ဒိုဟာ အိမ်ထောင်ပြု၊ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အတွက် သူတို့ရဲ့အချစ်ဇာတ်လမ်းကို ရပ်တန့်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

ကေတီနဲ့ ရိုင်ယန်တို့ နှစ်ဦးစလုံးဟာ တစ်ကြိမ်လက်ထပ်ခဲ့ဖူးကြပြီး ရိုင်ယန်ဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၇ အထိ လက်တွဲခဲ့တဲ့ ဇနီးဟောင်း  ဟောလိဝုဒ်မင်းသမီးနဲ့ သားသမီး ၂ ဦး ရရှိခဲ့ပါတယ်။ ကေတီပယ်ရီကတော့ ဟာသသရုပ်ောဆင်ရက်ဆဲလ်ဘရန်းနဲ့ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး နှစ်နှစ်အကြာမှာ ကွာရှင်းခဲ့ကြတာ ဖြစ်ပါတယ်။

Source & Photos : Mirror

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ