International Celebrity: အမေရိကရဲ့အသက်အငယ်ဆုံး ဘီလျံနာနဲ့ လက်ထပ်တော့မယ့် မီရန်ဒါကားရ်

မင်္ဂလာပွဲကျင်းပဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။

စူပါမော်ဒယ် မီရန်ဒါကားရ်နဲ့ Snapchat တည်ထောင်သူ အီဗန်စပီးဂဲလ်တို့ဟာ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ကြေညာပြီး ၉ လအကြာမှာ လက်ထပ်ဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။

play

 

သတင်းပေးတစ်ဦးရဲ့ ပြောပြချက်အရ သူတို့နှစ်ယောက် လက်ထပ်မယ့်နေ့ရက်က ရက်ပိုင်းအတွင်းတောင် ဖြစ်လာနိုင်ခြေရှိပါတယ်။

အသက် ၃၄ နှစ်အရွယ် Victoria's Secret မော်ဒယ် မီရန်ဒါရဲ့မိသားစုက သြစတြေးလျကနေ သူတို့စုံတွဲနေထိုင်တဲ့ လော့ဆန်းဂျလိစ်ကို လေယာဉ်နဲ့ ထွက်ခွာသွားပြီလို့တောင် US Magazine မှာ ဖော်ပြထားပါတယ်။

play

 

မီရန်ဒါကားရ်ဟာ ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွန်းနဲ့ လက်ထပ်ခဲ့ဖူးပြီး ၆ နှစ်အတွင် ဖလင်းဆိုတဲ့ သားလေးတစ်ယောက်လည်း ရှိပါတယ်။ မီရန်ဒါနဲ့ အော်လန်ဒဟိုဟာ ၂၀၁၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ လမ်းခွဲ ပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

အခု မီရန်ဒါနဲ့ လက်ထပ်မယ့် အသက် ၂၆ နှစ်အရွယ် အီဗန်ဟာ အမေရိကရဲ့ အသက်အငယ်ဆုံး ဘီလျံနာလည်း ဖြစ်ပါတယ်။ သူတည်ထောင်တဲ့ Snapchat ရဲ့စတော့ရှယ်ယာဈေး ကျဆင်းမှုကြောင့် ဒီတစ်ပတ်အတွင်းမှာ ဒေါ်လာ ၁ ဘီလျံလောက် ဆုံးရှုံးခဲ့ရပေမဲ့ သူ့ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၄ ဘီလျံရှိပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ