International Celebrity: ဆံပင်ကေအသစ်နဲ့ စတိုင်ပိုကျနေတဲ့ ဆောင်းဟေကျို

ဆောင်းဟေကျိုကို ဆံပင်အရှည်နဲ့ အမြဲမြင်တွေ့နေကျပါ။

တောင်ကိုရီးယားရဲ့နာမည်ကြီးမင်းသမီး ဆောင်းဟေကျိုကို ဆံပင်ကေအသစ်နဲ့ လေဆိပ်မှာ မြင်တွေ့လိုက်တာဖြစ်ပြီး သူမဟာ ခါတိုင်းထက် ပိုပြီးစတိုင်ကျကာ ပိုကျက်သရေရှိနေပါတယ်။

play

 

ဆောင်းဟေကျို ညှပ်လိုက်တဲ့ ဆံပင်တိုလေးဟာ သူမရဲ့ မျက်နှာကို ပိုပြီး ရှင်းလင်းစေပြီး ခါတိုင်းထက် ပိုပြီး သေးသွယ်သွားစေတယ်လို့ ဆံပင်တိုလေးနဲ့ ဆောင်းဟေကျိုကိုမြင်လိုက်တဲ့ ပရိသတ်တွေက ပြောပါတယ်။

ဆံပင်ရှည်ထက် ဒီကေလေးက သူမကို ပိုပြီးခေတ်ဆန် ကြော့ရှင်းသွာစေတယ်လို့လည်း ဆိုကြပါတယ်။

play

 

ဆောင်းဟေကျို (Song Hye Kyo) ဟာ ဒီလိုဆံပင်ကေမျိုးကို ၂၀၀၈ ခုနှစ်က The World That They Live In ဇာတ်လမ်းတွဲထဲမှာ ညှပ်ထားဖူးပါတယ်။

play

 

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဆောင်းဟေကျိုဟာ ၂၀၀၀ ပြည့်နှစ်မှာ ပြသတဲ့ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ (Autumn in My Heart) ဇာတ်ကားကတည်းက ပရိသတ်ရဲ့ရင်ထဲမှာ နေရာယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆောင်းဂျွန်ကီနဲ့ ရိုက်ကူးတဲ့ Descendants of the Sun ဇာတ်ကားဟာ သူမကို နာမည်အကြီးဆုံး တောင်ကိုရီးယား မင်းသမီး ဖြစ်စေခဲ့ပါတယ်။

play

 

Source & Photos : koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ