International Celebrity: မူးနေတဲ့အချိန်မှာ ချစ်ဖို့ကောင်းတဲ့ ဂေါင်ယူး

မင်းသမီး ဂေါင်ဟိုဂျင်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာကျင်းပတဲ့ ဂေါင်ယူးရဲ့ ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ တောင်ကိုရီးမယားမင်းသမီး ဂေါင်ဟိုဂျင်းဟာ ဂေါင်ယူးရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ပြောပြခဲ့ပါတယ်။

play

 

ယခုလအတွင်းမှာ ဟောင်ကောင်မှာ ကျင်းပတဲ့ ဂေါင်ယူးရဲ့ ပရိသတ်တွေ့ဆုံပွဲဟာ အရမ်းအောင်မြင်ခဲ့ပြီး ယင်းပွဲမှာ ဂေါင်ဟိုဂျင်းကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဂေါင်ယူး (Gong Yoo) နဲ့ အရမ်းခင်တဲ့ မိတ်ဆွေတွေဖြစ်ပြီး ကုမ္ပဏီတစ်ခုတည်း ဖြစ်တဲ့ ဂေါင်ဟိုဂျင်က (Gong Hyo Jin) က ဂေါင်ယူးရဲ့ စိတ်နေစိတ်ထားကို ပရိသတ်ကိုပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

"အားလုံးသိတဲ့အတိုင်း ဂေါင်ယူးက ချောမောခန့်ညားတဲ့အတွက် အရမ်းနာမည်ကြီးပါတယ်။ ရှင်တို့ ထင်ထားသလိုပဲ သူက အမျိုးသမီးတွေကို ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ သိတယ်။ သူက အရမ်း ရိုမန်တစ်ဆန်ပါတယ်။ နောက်ပြီး အရမ်း ခြိုးခြံချွေတာတတ်သူလည်း ဖြစ်တယ်။ သူ အရက်သောက်ထားရင် အရမ်းချစ်ဖို့ကောင်းပါတယ်" လို့ ဂေါင်ယူဂျင်းက ဂေါင်ယူးရဲ့ အားသာချက်တွေကို စပြောခဲ့ပါတယ်။

အဲဒီနောက် သူမဟာ ဂေါင်ယူးရဲ့ အကောင်းဆုံးအချက်တွေနဲ့ အားနည်းချက်တွေကို ဆက်ပြေခဲ့ပါတယ်။

"သူ့ရဲ့အားနည်းချက်ကို ပြောရမယ်ဆိုရင် သူက စိတ်ဆတ်တယ်။ အကောင်းဆုံးအချက်ကတော့ သူက တခြားသူတွေပြောတာကို သေချာနားထောင်တယ်။ အမျိုးသား၊ အမျိုးသမီး ဘယ်သူပြောတာမဆို သေချာနားထောင်တယ်။ ဒါပေမဲ့ သူက မိတ်ဆွေဖွဲ့တဲ့နေရာမှာတော့ သိပ်မတော်လှဘူး" လို့ ဂေါင်ယူဂျင်းက ပြောခဲ့ပါတယ်။

 

ဂေါင်ယူး (Gong Yoo)ဟာ ၂၀၁၆ ခုနှစ်မှာ ပြသခဲ့တဲ့ The Age of Shadows နဲ့ Train To Busan ဇာတ်ကားတို့နဲ့ လူကြိုက်များလာတာဖြစ်ပြီး  ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာ ပြသခဲ့တဲ့ Goblin ( Guardian: The Lonely and Great God ) ဇာတ်လမ်းတွဲကြောင့် တောင်ကိုရီးယားမှာ ပေါ်ပြူလာအဖြစ်ဆုံး မင်းသားတစ်လက် ဖြစ်လာခဲ့ပါတယ်။

Goblin ဇာတ်ကားဟာ သူ့ရဲ့အအောင်မြင်ဆုံးဇာတ်ကားလို့ ဆိုနိုင်ပြီး အဲဒီဇာတ်ကားကြောင့် ဂေါင်ယူးရဲ့ ပရိသတ်တွေ့ဆုံပွဲတွေက ဝင်ငွေမြောက်မြားစွာ ရရှိနေပြီး ပွဲတစ်ပွဲကို ဝမ်း သန်း ၂၀ (မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော်) ရရှိပါတယ်။ ပရိသတ်နဲ့တွေ့ဆုံပွဲလုပ်တဲ့ တောင်ကိုရီးယားမင်းသားတွေထဲမှာလည်း သူက ဝင်ငွေအကောင်းဆုံးလို့ ဆိုပါတယ်။

Source & Photos : koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ