International Celebrity: သီချင်းတွေ ပြန်ဆိုတော့မယ့် ချယ်ရီ

ချယ်ရီ သီချင်းသစ်မထုတ်တော့တာ ၃ နှစ်ရှိပါပြီ။

သီချင်းသစ်တွေ မထုတ်လွှင့်တော့တာ ၃ နှစ်ရှိပြီဖြစ်တဲ့ ချယ်ရီဟာ သားဦးလေး မွေးဖွားပြီးတဲ့နောက် စိတ်သစ်လူသစ်နဲ့ သီချင်းသစ်တွေ သီဆိုဖို့ စီစဉ်နေပါပြီ။

play

 

One Direction အဆိုတော် လီယမ်ပင်းန်နဲ့ Bear ဆိုတဲ့ ချစ်စဖွယ်သားလေးကို ပိုင်ဆိုင်လိုက်တဲ့ မိခင်ဖြစ်ခါစ ချယ်ရီဟာ ပေါ့ပ်သီချင်းတွေနဲ့ ရောင်းအားအကောင်းဆုံးစာရင်းဝင် ပြန်ဖြစ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

"ချယ်ရီက သူ့ရဲ့အေဂျင်စီနဲ့တွေ့ပြီး သီချင်းတွေဆိုဖို့ အကြံဉာဏ်တွေ ဆွေးနွေးတိုင်ပင်နေကြတယ်" လို့ သတင်းပေးတစ်ဦးက Mirror ကို ပြောခဲ့ပါတယ်။

"အဆင်လည်းပြေတယ်။ နောက်လကျရင် ချယ်ရီက ထုတ်လုပ်သူတွေနဲ့ တွေ့တော့မယ်။ ပြီးရင်တော့ ချယ်ရီက စတူဒီယိုကို သွားရတော့မှာပေါ့" လို့ ထိုသတင်းပေးက ပြောခဲ့ပါတယ်။

ချယ်ရီဟာ ၂၀၁၇ ခုနှစ်ကုန်ခါနီးမှာ တစ်ခုခု ထုတ်လွှင့်ချင်တာဖြစ်ကြောင်းလည်း သိရပါတယ်။

play

 

အသက် ၃၃ နှစ်အရွယ် ချယ်ရီဟာ မိခင်ဘဝကို ခံယူဖို့အတွက် ပြီးခဲ့တဲ့တစ်နှစ်လုံး ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

အက်ရှလေကိုးလ်နဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ အထိ အိမ်ထောင်ကျခဲ့ကာ ဂျင်းဖာနန်ဒက်စ်နဲ့ ၂၀၁၄ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး ၂၀၁၅ ကုန်ခါနီးမှာ လမ်းခွဲခဲ့ကြပါတယ်။

ချယ်ရီဟာ အသက် ၂၃ နှစ်အရွယ် လီယမ်တို့ ချစ်သူတွေဖြစ်နေကြကြောင်း ၂၀၁၆ ဖေဖော်ဝါရီလအတွင်းက သိရှိခဲ့ရပြီး ဇွန်လမှာတော့ ချယ်ရီ့မှာ ကိုယ်ဝန်ရှိနေပြီလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ မတ်လအတွင်းမှာ သူတို့နှစ်ဦးရဲ့သားဦးလေးကို မွေးဖွားခဲ့ပါတယ်။

Source & Photos : The Sun

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ