International Celebrity: အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်တဲ့ မိန်းကလေးကို အားပေးခဲ့တဲ့ အေရီယာနာဂရန်ဒီ

သူမတက်ရောက်နေတဲ့ ဆေးရုံကို သွားခဲ့တာပါ။

အေရီရာနာဂရန်ဒီရဲ့ မန်ချက်စတာရှိုးပွဲအပြီး အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ အချစ်ဆုံး သူငယ်ချင်းကို ဆုံးရှုံးလိုက်ပြီး ကိုယ်တိုင်လည်း ဆေးရုံတက်နေရတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးကို အေရီရာနာက သွားရောက်ကြည့်ရှုအားပေးခဲ့တာ ဖြစ်ပါတယ်။

play

 

အေရီရာနာဟာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် အသက်မသေသော်လည်း ဆေးကုသမှုခံနေရသူတွေဆီကို ရုတ်တရက်သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

Freya Lewis ရဲ့အချစ်ဆုံးသူငယ်ချင်း Nell Jones ဟာ မန်ချာစတာအရီနာကွင်းမှာ အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၂၂ ဦးထဲမှာ ပါဝင်သွားခဲ့တာပါ။

play

 

အေရီရာနာဟာ သူမရဲ့ပရိသတ်လေး Freya Lewis နဲ့အတူတူ ရယ်မော၊ ငိုကြွေးခဲ့ပါတယ်။

အေရီရာနာဟာ အကြမ်းဖက်ခံရမှုမှာ သေဆုံးသူတွေကို ဂါရဝပြုတဲ့ One Love Manchester ပွဲကို ဇွန်လ ၄ ရက်နေ့ညနေမှာ မစတင်ခင် Royal Manchester ကလေးဆေးရုံမှာ Freya Lewis အပါအဝင် သူမရဲ့ကလေးပရိသတ်တွေနဲ့ အချိန်ကုန်ဆုံးခဲ့ပါတယ်။

အရီရာနာဂရမ်ဒီရဲ့ One Love Manchester ရှိုးပွဲမှာ ဂျက်စတင်ဘီဘာ၊ ကေတီပယ်ရီ၊ Coldplay၊ မိုင်လီဆိုင်းရက်စ်၊ 1D စတား နီရဲလ်ဟိုရန်တို့အပါအဝင် နာမည်ကြီးအဆိုတော်တွေ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

play

 

မေလ ၂၂ ရက်နေ့ညက မန်ချက်စတာအရီနာကွင်းမှာ ကျင်းပခဲ့တဲ့ အေရီရာနာရဲ့ရှိုးပွဲမှာ အမေရိကန် အဆိုတော်အေရီယာနာ ဂရန်ဒီဖျော်ဖြေခဲ့တဲ့ မန်ချက်စတာအရီနာကွင်းမှာ ဗုံးပေါက်ကွဲမှုကြောင်၂၂ ဦးသေဆုံးခဲ့ရပြီး ၆၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ယင်းပွဲတုန်းက လာရောက်ကြည့်ရှုခဲ့သူတွေကိုတော့ ယခု ပြုလုပ်မယ့်ပွဲအတွက် လက်မှတ်များ အလကားပေးမှာ ဖြစ်ပါတယ်။

အေရီရာနာရဲ့ရှိုးပွဲကို ဗြိတိန်နိုင်ငံ၊ မက်ချက်စတာရှိ အိုးထရက်ဖို့ဒ်ကွင်းမှာ ဇွန်လ ၄ ရက်နေ့ညနေမှာ ပြုလုပ်သွားမှာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ