International Celebrity: မသန်စွမ်းတဲ့ မိန်းကလေးကို ဂရုစိုက်ခဲ့တဲ့ ပါ့ခ်ဘိုဂမ်

ပါ့ခ်ဘိုဂမ်ရဲ့ကြင်နာတတ်တဲ့စိတ်လေးကို မြင်တွေ့လိုက်ရပါတယ်။

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား ပါ့ခ်ဘိုဂမ်ဟာ ပရိသတ်တွေကြားထဲမှာ မသန်စွမ်းတဲ့ မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရချိန်မှာ ထိုမိန်းကလေးဆီ လျှောက်သွားပြီး ဂရုတစိုက်ရှိခဲ့တာ ဖြစ်ပါတယ်။

play

 

TNGT ဖက်ရှင်တံဆိပ်ရဲ့ပွဲတစ်ခုမှာ ပါ့ခ်ဘိုဂမ်ဟာ ဘေးကစောင့်ရှာက်သူတစ်ယောက်က တွဲထားတဲ့ မိန်းကလေးပရိသတ်တစ်ဦးကို လှမ်းမြင်လိုက်တာဖြစ်ပါတယ်။ မိန်းကလေးဆီ ရောက်သွားချိန်မှာတော့ သူမဟာ လုံးဝချိနဲ့နေသူတစ်ယောက်ဆိုတာကို ပါ့ခ်ဘိုဂမ်တစ်ယောက် သိခဲ့ရတာ ဖြစ်ပါတယ်။

ပါ့ခ်ဘိုဂမ်ဟာ မိန်းကလေးကို တရင်းတနှီးနှုတ်ဆက်ကာ ဆံပင်လေးကို သပ်တင်ပေးလို့ ပွေ့ဖက်နှုတ်ဆက်ခဲ့တာပါ။

 

အသက် ၂၃ နှစ်အရွယ် ပါ့ခ်ဘိုဂမ်ရဲ့ နှိမ့်ချတတ်တဲ့စိတ်နဲ့ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်ကြောင့် "မုန်းသူမရှိတဲ့ ဆယ်လီ" ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားသူလည်း ဖြစ်ပါတယ်။

ပါ့ခ်ဘိုဂမ်ကို ပရိသတ်တွေကတင် ချစ်တာမဟုတ်ပါဘူး။ ဆယ်လီတွေကလည်း သူ့ကို ချစ်ခင်ကြပါတယ်။ သူ့ရဲ့စီနီယာတစ်ဦးဖြစ်တဲ့ ဆောင်းဂျွန်ကီကဆိုရင် သူ့ကို အမြဲတမ်း အကြံဉာဏ်တွေနဲ့ အားပေးကူညီပေးတယ်လို့ ပါ့ခ်ဘိုဂမ်က ပြန်ပြောပြပါတယ်။ ဒါ့အပြင် ဆောင်းဂျွန်ကီဟာ ပါ့ခ်ဘိုဂမ်ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတွေကိုပါ အရောက်လာပြီး သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုကို ပြသခဲ့ပါတယ်။

play

 

“Moonlight Drawn by Clouds” ဇာတ်ကားနဲ့ နာမည်ကျော်ကြာလာတဲ့ ပါ့ခ်ဘိုဂမ်ဟာ Forbes က အသိအမှတ်ပြုလိုက်တဲ့ ၂၀၀၇ ရဲ့Power Celebrites အယောက် ၄၀ ထဲမှာ နံပါတ် ၁ နေရာလည်း ချိတ်ခဲ့သူ ဖြစ်ပါတယ်။

Source & Photos : soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ