International Celebrity: အထူးချုပ်လုပ်ခဲ့တဲ့ သတို့သမီး ဝတ်စုံအကြောင်း ပြောခဲ့တဲ့ မီရန်ဒါကားရ်

မေလက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

စူပါမော်ဒယ် မီရန်ဒါကားရ်ဟာ အမေရိကန်ရဲ့ အသက်အငယ်ဆုံး ဘီလျံနာနဲ့ Snapchat တည်ထောင်သူဖြစ်တဲ့ Evan Spiegel နဲ့ မေလက အကျဉ်းရုံးလက်ထပ်ခဲ့တာဖြစ်ပေမဲ့ မင်္ဂလာပွဲက ဓာတ်ပုံကိုတော့ အခုမှ ဖော်ပြခဲ့သလို သူမဝတ်ဆင်ခဲ့တဲ့ Dior Haute မင်္ဂလာဝတ်စုံနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုလည်း ပြောပြခဲ့ပါတယ်။

play

 

မီရန်ဒါကားရ်တို့ စုံတွဲရဲ့မင်္ဂလာပွဲကို လူ ၄၅ ဦးသား ဖိတ်ကြားပြီး ကျင်းပခဲ့တာဖြစ်ပေမဲ့ အိပ်မက်ဆန်ဆန်နဲ့ အလှဆုံးပြင်ဆင်ထားတာကို တွေ့ရပါတယ်။

"အရိုးသားဆုံး ဝန်ခံရရင် ဒီထက်လှတဲ့ မင်္ဂလာဝတ်စုံကို တွေးကြည့်လို့တောင် မရဘူး" လို့ မီရန်ဒါက ဆိုပါတယ်။

၁၉၈၂ ခုနှစ်ကတည်းက ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသမီးကြီး  Grace Kelly ရဲ့ မင်္ဂလာဝတ်စုံကနေ ဒီဝတ်စုံဒီဇိုင်းကို စိတ်ကူးရခဲ့တာလို့ မီရန်ဒါက ဖွင့်ဟခဲ့ပါတယ်။

play

 

" Grace Kelly ဝတ်စုံကိုကြည့်ပြီး စိတ်ကူးရခဲ့တာပါ။ ဒီဝတ်စုံက အချိန်တွေ ဒီလောက်ကြာတာတောင် ရိုးမသွားဘူး" လို့ သူမက ပြောပါတယ်။

မီရန်ဒါဟာ Dior Haute မင်္ဂလာဝတ်စုံကို ပုလဲတွေနဲ့ ခေါင်းစီးလေးတပ်ကာ ပြန်လည် တန်ဆာဆင်ပြီး သူမရဲ့ ကိုယ်ပိုင်စတိုင်တစ်ခုဖြစ်အောင်

ဖန်တီးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ အီဗန်နဲ့ မီရန်ဒါသားရဲ့သား ဖလင်း (Flynn) တို့ကလည်း Dior ဝတ်စုံတွေကိုပဲ ဝတ်ဆင်ခဲ့ပါတယ်။ မင်းသား အော်လန်ဒိုဘလွန်းနဲ့ လက်ထပ်စဉ်က ရခဲ့တဲ့ မီရန်ဒါရဲ့သား ဖလင်း ဟာ မင်္ဂလာပွဲမှာ လက်စွပ်ဗန်းကိုင်အဖြစ် ပါဝင်ခဲ့ပြီး မင်္ဂလာစုံတွဲနဲ့အတူ ကခုန်ခဲ့ကြပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ် မီရန်ဒါကားရ်ဟာ ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွန်းနဲ့ လက်ထပ်ခဲ့ဖူးပြီး ၆ နှစ်အတွင် ဖလင်းဆိုတဲ့ သားလေးတစ်ယောက်လည်း ရှိပါတယ်။ မီရန်ဒါနဲ့ အော်လန်ဒဟိုဟာ ၂၀၁၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ လမ်းခွဲ ပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

မီရန်ဒါနဲ့ အသက် ၂၆ နှစ်အရွယ် အီဗန်ဟာ ၂၀၁၄ ခုနှစ်မှာ စတွဲခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ စေ့စပ်ခဲ့ပါတယ်။

ဆက်စပ်သတင်း - အမေရိကရဲ့အသက်အငယ်ဆုံး ဘီလျံနာနဲ့ လက်ထပ်တော့မယ့် မီရန်ဒါကားရ်

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ