AD
AD
AD

အကိတ်မော်ဒယ် ကယ်လီဘရွတ်ခ် နောက်ဆုံးတင်လိုက်တဲ့ ဓာတ်ပုံမှာ ဖိုတိုရှော့နဲ့ ပြင်ထားတယ်ဆိုတာကို အမြင်စူးရှလှတဲ့ ပရိသတ်တွေကမြင်တွေ့ကာ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ကယ်လီဘရွတ်ခ်ဟာ သူမရဲ့ဓာတ်ပုံတွေကို ပြင်ဆင်မှုကြောင့် မကြာခဏ ပြောဆိုခံရသူလည်း ဖြစ်ပါတယ်။

play

 

အင်စတာဂဂရမ်မှာတင်လိုက်တဲ့ဓာတ်ပုံထဲမှာ ကယ်လီဘရွတ်ခ်ဟာ ရေကူးဝတ်စုံလေးနဲ့ နေပူဆာလှုံနေတာပါ။

သူမရဲ့ ကြီးမားတဲ့ ကောက်ကြောင်းအလှကြောင့် ဓာတ်ပုံက အရမ်းကို ဆက်စီကျလွန်းနေပေမဲ့ သူမရဲ့လက်နဲ့ ခါးကြားမှာ ပေါ်နေတဲ့ ရေကူးကန်ဘောင် ကြမ်းပြင်ကတော့ ကွေးနေခဲ့ပါတယ်။

play

 

ကယ်လီဟာ သူမရဲ့ခါးနဲ့ ခြေထောက်တွေကို ပိုမိုသေးသွယ်သွားအောင် မကြာခဏ ပြင်ဆင်တတ်သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် စက်ဘီးစီးနေတဲ့ သူမရဲ့ဓာတ်ပုံတစ်ပုံမှာ သူမရဲ့အနောက်မှာရှိတဲ့ သံတိုင်လေးတွေ ကွေးနေခဲ့ပါတယ်။

play

 

နောက်တစ်ပုံမှာလည်း သူမရဲ့ခါးနားက အုတ်တံတိုင်းက ကွေးနေခဲ့ပြန်ပါသေးတယ်။

play

 

နိုင်ငံရဲ့ အလှဆုံး အမျိုးသမီးတစ်ဦးလို့ သတ်မှတ်ခံရတဲ့ အင်္ဂလိပ်မော်ဒယ်မင်းသမီး ကယ်လီဘရွတ်ခ်ဟာ သူမရဲ့ဓာတ်ပုံတွေကို ပြုပြင်ခဲ့တယ်လို့လည်း အရင်က ဝန်ခံခဲ့ဖူးပါတယ်။

အသက် ၃၇ နှစ်အရွယ် ကယ်လီဘရွတ်ခ်ကို ၂၀၀၅ ခုနှစ်မှာ ကမ္ဘာ့ဆက်စီအကျဆုံး အမျိုးသမီးအဖြစ် FHM မဂ္ဂဇင်းက သတ်မှတ်ခဲ့ပါတယ်။ သူမဟာ ၁၉၉၈ ခုနှစ်ကစလို့ ၂၀၁၅ ခုနှစ်အထိ ယင်းမဂ္ဂဇင်းရဲ့ ကမ္ဘာ့ဆက်စီအကျဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ အမြဲပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

Source : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD