International Celebrity: တေလာဆွစ်ရဲ့သီချင်းသစ်က ဖန်တီးလိုက်တဲ့ ဂယက်

တေလာ့သီချင်းနားထောင်ပြီးတာနဲ့ ကာညေးကပြန်တိုက်ခိုက်ဖို့သီချင်းလုပ်နေပါပြီ။

play

 

အားလုံးသိကြတဲ့အတိုင်းပဲ တေလာဆွစ်ရဲ့ Look What You Made Me Do သီချင်းဗီဒီယိုဟာ သူမနဲ့ပြဿနာတွေရှိခဲ့ဖူးတဲ့ အကိတ်မော်ဒယ် ကင်မ်ကာဒါရှီယန်နဲ့ Rapper ကားညေးဝက်စ်တို့ကို မသိမသာကယက်ရိုက်တုံ့ပြန်ထားတာရှိနေပါတယ်။ အဲ့ဒီ့သီချင်းဗီဒီယိုထွက်လာပြီးနောက်မှာတော့ တေလာက သူတို့ကိုဘယ်လိုရည်ရွယ်ပြီး တုံ့ပြန်ထားလည်းဆိုတာ ကင်မ်ရော ကာညေးကိုယ်တိုင်ကပါ သေသေချာချာသိလိုက်လို့ ဘယ်လိုပြန်လက်စားချေမယ်ဆိုတဲ့ စကားတွေ စတင်ထွက်ပေါ်လာတော့တာပါ။

တေလာက သူတို့ကို ပြန်တိုက်ခိုက်ဖို့ အချိန်ဒီလောက်ပေး ကြိုးစားပြီး သီချင်းဗီဒီယိုထဲမှာပါထည့်သွင်းထားတာ ယုံတောင်မယုံနိုင်ပါဘူး။ တကယ်အူကြောင်ကြောင်နိုင်တဲ့လုပ်ရပ်လို့ ကင်မ်က ပြောပါတယ်ဆိုပြီး ကင်မ်နဲ့ ရင်းနှီးသူတွေက ဆိုလာပါတယ်။

play

 

ကာညေးကတော့ သူ့ရဲ့ Famous သီချင်းဗီဒီယိုမှာတုန်းက သူကိုယ်တိုင်တေလာ့ကို " I made that b***h famous " ဆိုပြီးပေါ်တင်ထည့်ဆိုဖူးခဲ့ကာ အခု တေလာ့သီချင်းဗီဒီယိုကို ကြည့်ပြီးချိန်မှာ လက်စားထပ်ချေ၊ ပြန်တုံ့ပြန်တိုက်ခိုက်မှာ အသေချာပါပဲတဲ့။ အခုဆို တေလာ့ကိုပြန်ပုတ်ခတ်ဖို့ သီချင်းတောင် လုပ်နေပါပြီလို့လည်း ကင်မ်နဲ့ကာညေးရဲ့ မိတ်ဆွေတွေက ပြန်ပြောလာပါတယ်။

play

 

တစ်ခုရှိတာက တေလာက သူမဘက်မှာရှိတဲ့ သူငယ်ချင်းအဖွဲ့တွေဖြစ်တဲ့ ဆယ်လီနာဂိုးမက်စ်၊ ဂျီဂျီဟက်ဒီး၊ လော့ဒ်နဲ့ တခြားဆယ်လီတွေနဲ့ အခင်အမင်မပျက် သူမဘက်တော်သားအနေနဲ့ဆက်နေသွားဖို့ရှိနေတယ်ဆိုပေမယ့် တကယ်လို့ သူမဘက်ကမနေလည်း ဂရုမစိုက်ဘူးဆိုတဲ့အရိပ်အမြွက်မျိုးတွေ Look What You Made Me Do သီချင်းဗီဒီယိုထဲမှာပါနေတော့ တေလာ့ရဲ့ပြဿနာနဲ့ဂယက်တွေက ဘယ်လိုဘယ်စခန်းဆက်သွားမလဲတော့ ဘယ်သူမှတပ်အပ်မပြောနိုင်ဘူးဖြစ်နေပါတယ်။

 

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ