International Celebrity: နာမည်ကျော်ကြားရခြင်းကို မုန်းတဲ့ ဆယ်လီ (၇) ဦး

လူတွေရဲ့အာရုံစိုက်ခံခြင်းခံရတာလည်း ဒုက္ခတစ်မျိုးပါပဲ။

လူတိုင်းကတော့ နာမည်ကျော်ချင်ကြတယ်။ သူတို့တွေလည်း နာမည်ကြီးချင်လို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ကမ္ဘာကျော်တွေ ဖြစ်လာချိန်မှာ နာမည်ကျော်ရခြင်းရဲ့ဒုက္ခကို သိရှိသွားကြပြီး မုန်းတီးလာကြသူတွေ ရှိပါတယ်။

၁။ ခရစ္စတင်းစတီးဝပ် (Kristen Stewart)

play

 

Twilight မင်းသမီး ခရစ္စတင်းစတီးဝပ်ဟာ ၂၀၁၅ ခုနှစ်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးပါတယ်။

"နာည်ကြီးခြင်းဆိုတာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအရာပါ။ အထူးသဖြင့် အဓိပ္ပာယ်ကင်းမဲ့ချိန်မျိုးမှာပေါ့" လို့

သူမက ဆိုခဲ့တာပါ။

၂။ ဂျွန်နီဒပ် (Johnny Depp)

play

 

Pirates of the Caribbean မင်းသားကြီး ဂျွန်နီဒပ်ဟာ နာမည်ကျော်လာတာနဲ့အမျှ လူတွေရဲ့ အာရုံစိုက်မှုတွေ များစွာ ရရှိနေပုံရပါတယ်။ တစ်ခါကဆို သူ့ဘဝကို ဝရမ်းပြေးတစ်ယောက်နဲ့ဘဝနဲ့တောင် နှိုင်းယှဉ်ခဲ့ဖူးပါတယ်။

၃။ ရှီလင်းဝုဒလေ(Shailene Woodley)

play

 

"ကျွန်မအတွက်ကတော့ F စကားလုံးက famous ပဲ။ C စကားလုံးက Celebrity ပဲ။ အဲဒီစကားလုံးတွေကို ကျွန်မ အရမ်းမုန်းတယ်" လို့ မင်းသမီး ရှိလင်းဝုဒလေက ပြောခဲ့ဖူးပါတယ်။

၎။ ဂျနီဖာလောရန့် (Jennifer Lawrence)

play

 

အော်စကာဆုရှင် မင်းသမီးကလည်း နာမည်ကျော်ဖြစ်ရတဲ့ဘဝကို သိပ်သဘောမတွေ့လှပါဘူး။ ဆယ်လီတိုင်းဟာ ဆယ်လီဘဝကနေ ခဏလောက် ဝေးဝေးနေသင့်တဲ့ အချိန်တွေ ရှိသင့်တယ်လို့လည်း သူမက ဆိုပါတယ်။

၅။ မီဂန်ဖောက်စ် (Megan Fox)

play

 

မင်းသမီး မီဂန်ဖောက်စ်ကလည်း နာမည်ကျော်ကြားခြင်းဟာ အနိုင်ကျင့်ခံရခြင်းနဲ့အတူတူပဲလို့တောင် ဆိုထားပါတယ်။

၆။ ခရစ္စအီဗန် (Chris Evans)

play

 

Captain America ကြီးတောင် ဟီးရိုးဖြစ်ရတာကို အမြဲတမ်း နှစ်သက်နေသူတစ်ယောက် မဟုတ်ပါဘူး။

၇။ ရောဘတ်ပက်တင်ဆန် (Robert Pattinson)

play

 

ရောဘတ်ကလည်း Twilight ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့တဲ့ ချစ်သူဟောင်း ခရစ္စတင်းစတီးဝပ်လိုပဲ နာမည်ကြီးရတာကို သဘောမကျတဲ့သူ မဟုတ်ပါဘူး။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ