International Celebrity: မီဂန်မာကယ်ရဲ့အင်တာဗျူးကို ဝေဖန်လိုက်တဲ့ ပရီယန်ကာချိုပရာ

သူတို့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။

Vanity Fair မဂ္ဂဇင်းမှာ ပါတဲ့ မီဂန်မာကယ်ရဲ့အင်တာဗျူးဟာ ဗြိတိန်မင်းသားဟယ်ရီနဲ့ အချစ်ရေးကိုသာ အာရုံစိုက်ထားတာနဲ့ ပတ်သက်ပြီး ပရီယန်ကာ ချိုပရာက ဝေဖန်ပြောကြားလိုက်တာဖြစ်ပါတယ်။

play

 

တကယ်တော့ မီဂန်မာကယ်ကိုယ်တိုင်က သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့အတွက် သူမရဲ့အလုပ်နဲ့ ပတ်သက်ပြီးလည်း မေးမြန်းသင့်တယ်လို့ မီဂန်မာကယ်ရဲ့သူငယ်ချင်း ပရီယန်ကာက ယူဆထားပါတယ်။

မီဂန်မာကယ်ကို မင်းသား ဟယ်ရီရဲ့ ချစ်သူအဖြစ်သာ မမြင်သင့်ကြောင်း သူမကိုယ်တိုင်က သရုပ်ဆောင်တစ်ယောက်၊ လှုပ်ရှားပြောင်းလဲရေး သမားတစ်ယောက်၊ ပရဟိတသမားတစ်ယောက်ဖြစ်တယ်လို့ ပရီယန်ကာက ဆိုခဲ့ပါတယ်။

play

 

Suits ဇာတ်လမ်းတွဲမင်းသမီး အသက် ၃၆ နှစ်အရွယ် မီဂန်မာကယ်နဲ့ အသက် ၃၂ နှစ် အရွယ် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီတို့ရဲ့ အချစ်ရေးက အရမ်းကို ပျော်စရာကောင်းပါတယ်လို့ အင်တာဗျူးမှာ မီဂန်က ဖြေထားပါတယ်။

တကယ်တော့ မီဂန်မာကယ်ဟာ အမေရိကန်မင်းသမီးတစ်လက်ဖြစ်ပေမဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ တွဲခါမှ တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရရှိလာသူဖြစ်ပါတယ်။

play

 

၂၀၀၀ ပြည့်နှစ်မှာ မယ်ကမ္ဘာဆုရရှိခဲ့တဲ့ ပရီယန်ကာချိုပရာကတော့ နာမည်ကြီး ဘောလိဝုဒ်မင်းသမီးဘဝကနေ  ဟောလိဝုဒ်လောကထဲကို ခြေချလာသူဖြစ်ပါတယ်။ ပရီယန်ကာဟာ Quantico ဆိုတဲ့ ရုပ်သံစီးရီးတွဲမှာ ခေါင်းဆောင်ပါဝင်ရင်း ဟောလိဝုဒ်ရဲ့ကြယ်တစ်ပွင့်လည်း ဖြစ်နေပါပြီ။

Source : The Sun

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ