International Celebrity: အန်ဂျလီနာဂျိုလီအတွက် အားကိုးရတဲ့သားကြီးဖြစ်နေပြီဖြစ်တဲ့ မက်ဒေါ့စ်

ဂျိုလီအတွက် ဂုဏ်ယူစရာပါပဲ။

အန်ဂျလီနာဂျိုလီရဲ့ ဇာတ်ကားသစ် First They Killed My Father အထူးပွဲ ပြသတဲ့ Toronto International Film Festival မှာ ဂျိုလီက အကြီးဆုံးအပေါ် ချီးကျုးစကားဆိုခဲ့တာဖြစ်ပါတယ်။

play

 

"ကျွန်မရဲ့သားသမီးကို ကျွန်မကိုယ်တိုင် တန်ဖိုးမဖြတ်သင့်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားကို သူသာမပါရင် ကျွန်မလုပ်နိုင်မှာမဟုတ်ပါဘူး" လို့ ဂျိုလီက ပညာသားပါပါလေး ပြောသွားခဲ့တာပါ။

အသက် ၁၆ နှစ်အရွယ် သားကြီး မက်ဒေါ့စ်ဂျိုလီပစ်ဟာ အဲဒီဇာတ်ကားမှာ Executive Producer အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ပက်စ်ကတော့ Set Photographer အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

"သူတို့တွေ အရမ်းကြိုးစားခဲ့ကြတယ်" လို့ သူမရဲ့သားကြီး ၂ ယောက်ကို ရည်ညွှန်းပြီး ပြောခဲ့ပါသေးတယ်။

ဂျိုလီဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ First They Killed My Father ဇာတ်ကားဟာ ခမာနီခေတ်မှာ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ ကမ္ဘောဒီးယားသူလေးတစ်ယောက်ရဲ့ ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

အသက် ၅၃ နှစ်အရွယ် ဘရတ်နဲ့ အသက် ၄၂ နှစ်အရွယ် ဂျိုလီတို့မှာ စုစုပေါင်း ကလေး ၆ ဦးရှိပြီး သားအကြီးဆုံး မက်ဒေါ့စ်က ၁၅ နှစ်၊ ပက်စ်က ၁၃ နှစ်၊ ဇာဟာရာက ၁၂ နှစ်၊ ရှီလိုက ၁၁ နှစ်နဲ့ အမြွှာ လေးနှစ်ယောက်ဖြစ်တဲ့ ဗီဗီယန်နဲ့ နော့စ်တို့က ၈ နှစ်ဖြစ်ပါတယ်။

ဖခင်က မိသားစုမှာ မရှိတော့တဲ့အတွက် အခုတော့ မက်ဒေါ့စ်က အိမ်ဦးနတ်သဖွယ်ဖြစ်သွားပြီး မိခင်ကို အကြံဉာဏ်တွေလည်း ပေးနိုင်သူလို့  ရင်းနှီးသူများက ဆိုကြပါတယ်။

play

 

အန်ဂျလီနာဟာ ၂၀၀၁ ခုနှစ်မှာ အဲဒီတုန်းက ပေါင်းသင်းနေတဲ့ ခင်ပွန်းဖြစ်သူ ဘီလီဘော့သွန်တန်နဲ့အတူ ကမ္ဘောဒီးယားကို သွားလည်စဉ်မှာ မက်ဒေါ့စ် (Maddox Chivan Jolie-Pitt) ကို မွေးစားခဲ့တာ ဖြစ်ပါတယ်။

ဘရတ်နဲ့ မက်ဒေါ့စ်ဟာ စက်တင်ဘာလလယ်က သီးသန့်လေယာဉ်ပေါ်မှာ စကားများကြတယ်လို့ သတင်းကြားရပြီး တစ်ပတ်အကြာမှာ ဂျိုလီက ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်တင်လိုက်တာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ