အခုမှ သူမက ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

ဆယ်လီနာဂိုးမက်စ်ဟာ Lupus ရောဂါကြောင့် ကျောက်ကပ်လဲလှယ်ခဲ့ပြီး သူမကို ကျောက်ကပ်လှူဒါန်းခဲ့တာ  သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ကြောင်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြပြီး ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

 

ဆယ်လီနာဟာ သူမကို ကျောက်ကပ်လှူခဲ့တဲ့ သူငယ်ချင်းနဲ့အတူ အိပ်ရာပေါ်မှာ ကိုယ်စီလဲလျောင်းကာ လက်ချင်းဆုပ်ကိုင်ထားတဲ့ ဓာတ်ပုံ၊ ကျောက်ကပ်လဲလှယ်ဖို့ ခွဲထားရတဲ့ ဗိုက်ကာ အမာရွတ်ဓာတ်ပုံတို့ကို ပရိသတ်ကို ပြသလိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံတွေနဲ့အတူ သူမဟာ ဘာကြောင့် နွေရာသီတစ်ခုလုံး ပျောက်နေရတဲ့အကြောင်းကို စာအရှည်ကြီးနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

 

"ကျွန်မဟာ နွေရာသီမှာ ပျောက်ကွယ်နေတာကို ကျွန်မရဲ့ပရိသတ်အချို့ သတိထားမိပြီး ဘာကြောင့် ကျွန်မအရမ်းဂုဏ်ယူရတဲ့ ကျွန်မရဲ့သီချင်းသစ်ကို Promote မလုပ်တာလဲလို့ မေးခွန်းထုတ်နေကြတာ ကျွန်မသိပါတယ်။ Lupus ကြောင့် ကျောက်ကပ်လဲလှယ်လိုက်ပြီး အနားယူဖို့ လိုအပ်တဲ့အတွက်ကြောင့်ပါ" လို့ အစချီကာ ဆယ်လီနာက ရေးသားထားတာဖြစ်ပါတယ်။

သူမ နေမကောင်းစဉ်မှာ အနားမှာနေပေးတဲ့ မိသားစုနဲ့ ဆရာဝန်တွေကို ဆယ်လီနာက ကျေးဇူးတင်ထားသလို သူမကို ကျောက်ကပ်လှူဒါန်းတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။

 

"ကျွန်မရဲ့ လှပတဲ့ သူငယ်ချင်းမလေး Francia Raisa ကို ကျေးဇူးတင်ကြောင်း ပြောဖို့ ကျွန်မမှာ စကားလုံးမရှိပါဘူး။ သူမက ကျွန်မကို ကျောက်ကပ်လှူခြင်းဖြင့် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်နဲ့ စွန့်လွှတ်မှုကြီး လုပ်ခဲ့တာပါ။ ကျွန်မ အရမ်းကို ပျော်ရွှင်မိပါတယ်။ အရမ်းချစ်တယ် ဆစ်" လို့ ဆယ်လီနာက ရေးထားပါတယ်။

သူမဟာ အဲဒီပို့စ်ကို ဒီနေ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ အင်စတာဂရမ်က တင်ခဲ့တာဖြစ်ပြီး အဲဒီပို့စ်ဟာ တစ်နာရီအတွင်း Like ၁.၅ သန်းနီးပါး ရရှိခဲ့ပါတယ်။

 

Share

Loading Next Article...
က္က