International Celebrity: တေလာ့ဘက်မှာနေမိတာကို နောင်တရတယ်ဆိုတဲ့ ပင့်ခ်

တေလာ့ဘက်ကလို့ သြဂုတ်လတုန်းက သူမကိုယ်တိုင်ပြောခဲ့ဖူးတာပါ။

အကြမ်းစားအမျိုးသမီးအဆိုတော် ပင့်ခ်ဟာ သူမစိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းဘွင်းဘွင်းရှင်းရှင်း မီဒီယာတွေကို ပြောပြတတ်သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ရေဒီယိုအင်တာဗျူးတစ်ခုမှာ တေလာနဲ့ကေတီပြဿနာအကြောင်း မေးမြန်းတဲ့အခါမှာ ပင့်ခ်ဟာ သူမကတော့ Team Taylor ပါပဲလို့ပေါ်တင်ဖြေကြားခဲ့ပါတယ်။

play

 

ဒါပေမယ့် အခုတော့ ပင့်ခ်တစ်ယောက် ဘာတွေစိတ်ပြောင်းသွားတယ်မသိပါဘူး။ 'အဲ့တုန်းက ကျွန်မပါးစပ်ပိတ်နေခဲ့ရင်ကောင်းသား' လို့ LA TImes ကိုဖြေကြားလိုက်ပါပြီ။ သူမပုံစံကလည်း သူမတေလာ့ဘက်မှာနေမိတာ မှားလေခြင်းဆိုပြီး နောင်တရနေတဲ့ပုံစံပါ။

'အဲ့တုန်းက Team Taylor ဆိုတာ အလျင်စလိုဖြေခဲ့မိတယ်လို့ပဲပြောပါရစေ။ ကျွန်မသေချာမစဉ်းစားကြည့်မိခဲ့လို့ပါ' လို့ပါ လို့လည်းပြောပါတယ်။ တေလာ့နောက်ခံအကသမားတွေကို ကေတီယူသွားတဲ့ကိစ္စပေါ်မူတည်ပြီး ပင့်ခ်က တေလာမှန်တယ်လို့တွေးခဲ့မိတာလို့လည်း မီဒီယာအချို့ကဖော်ပြပါတယ်။

play

 

အသက် ၃၈နှစ်အရွယ် အဆိုတော်ပင့်ခ်ဟာ သိပ်မကြာသေးခင်အချိန်ကပဲ သူမနဲ့ ကမ္ဘာကျော်အဆိုတော် ခရစ္စတီးနာ အဂွီလာရာနဲ့ကြားက ပြဿနာကို ကျေလည်မှုရယူထားသူပါ။ အခုတော့ တေလာနဲ့ကေတီ့ကြားကပြဿနာမှာ ဒီလိုပြန်လည်ပါဝင်လာတာကိုတော့ သူမ Fan တွေ နည်းနည်းအံ့အားသင့်သွားခဲ့ရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ