International Celebrity: တိတ်တဆိတ်တွဲနေကြတဲ့ ဒရိတ်ခ်နဲ့ ဘယ်လာဟက်ဒီး

လေးလလောက်ရှိနေပါပြီ။

ပြီးခဲ့တဲ့အပတ်က ကျရောက်တဲ့ ဘယ်လာဟက်ဒီးရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ကို ဒရိတ်ခ်က နယူးယော့ခ်စီးတီးမှာ ကြီးကျယ်ခမ်းနားစွာ ပါတီကျင်းပပေးခဲ့တဲ့နောက် သူတို့ရဲ့နှစ်ယောက်က ဘာာတွေလဲဆိုတဲ့ မေးခွန်းတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

play

 

ရက်ပါ ဒရိတ်ခ်နဲ့ စူပါမော်ဒယ် ဘယ်လာဟက်ဒီးတို့ဟာ တိတ်တဆိတ်တွဲနေတာ ၄ လ ရှိနေပြီဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့မှာ Life & Style Weekly က အတည်ပြုရေးသားထားပါတယ်။

"ပထမတော့ ဒီလိုပဲ တွဲသွားတွဲလာ လုပ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ တကယ့်ကို လေးလေးနက်နက်ဖြစ်လာပြီ။ အပြင်မှာ တွေ့ဆုံတာတွေ၊ ရိုမန်တစ်ဆန်တဲ့ ဒင်နာတွေ အတူစားတာတွေ လုပ်လာကြတယ်" လို့ သတင်းပေးတစ်ဦးက ပြောပြထားပါတယ်။

play

 

"ဘယ်လာကတော့ တော်တော်လေးကို ပျော်ဝင်နေပြီ။ အရမ်းရိုမန်တစ်ဆန်တာပဲလို့ သူက ထင်နေတယ်" လို့ ထိုသတင်းပေးက ဆိုခဲ့ပါတယ်။

ရည်းစားတွေထားတိုင်း ရက်ရောလွန်းတဲ့ ဒရိတ်ခ်ကတော့ ဘယ်လာနဲ့လည်း သူက မတွန့်တိုနေပါဘူး။ ဘယ်လာရဲ့မွေးနေ့ပွဲမှာ လူပေါင်း ၃၀ လောက်ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒရိတ်ခ်ဟာ ဒီနှစ်ဆန်းပိုင်းမှာ ဂျနီဖာလိုပက်စ်နဲ့တွဲခဲ့ဖူးပြီး သူမကို ဒေါ်လာတစ်သိန်းတန် စိန်လည်ဆွဲ လက်ဆောင် ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ ၂ လသာ ကြာခဲ့ပါတယ်။

play

 

ဘယ်လာကတော့ အဆိုတော် The Weeknd နဲ့  ၁၈ လအကြာတွဲခဲ့ပြီးနောက်  နိုဝင်ဘာလ ၁၀ ရက်နေ့မှာ People မဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။ မချစ်တော့လို့ မဟုတ်ကြဘဲ နှစ်ဦးစလုံး အလုပ်တွေအရမ်းလွန်းတဲ့အတွက် လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လာနဲ့ လမ်းခွဲပြီး နှစ်လအကြာမှာတော့ The Weeknd က ဆယ်လီနာဂိုးမက်စ်နဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်။

Source : Daily Mail

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ