International Celebrity: ရည်းစားနဲ့ပြတ်ပြီးနောက် ကေတီပယ်ရီကို ကပ်နေတဲ့ ရောဘတ်ပက်တင်ဆန်

အကုန်ရင်ဖွင့်ပြောပြရလောက်အောင် ခင်ပါတယ်တဲ့။

Twilight မင်းသားချော ရောဘတ်ပက်တင်ဆန်ဟာ ချစ်သူအဆိုတော် FKA Twigs နဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ သူ့ရဲ့အချစ်ရဆုံးသူငယ်ချင်းဖြစ်တဲ့ အဆိုတော် ကေတီပယ်ရီကို ပြန်ကပ်နေပါတယ်။ ရည်းစားနဲ့ပြတ်ပြီး Single အတိုင်းပဲပျော်ပျော်နေနေတယ်လို့ဆိုတဲ့ ပက်တင်ဆန်ဟာ ကေတီပယ်ရီနဲ့တော့ တော်တော်ကိုရင်းရင်းနှီးနှီးခင်ခဲ့တာ ကြာလှပြီလို့လည်း သိတဲ့သူတွေကဆိုပါတယ်။

play

 

'FKA ကိုဘာကြည့်ကြိုက်တယ် ကျွန်တော်တို့စဉ်းစားလို့မရဘူး။ အခုလိုပြတ်သွားတာပဲကောင်းတယ်။ နောက်ပြီး ကေတီက ရောဘတ်အတွက်ဆို အမြဲသူငယ်ချင်းကောင်းအဖြစ်ရှိနေတာ ၀မ်းသာစရာပဲ။ အမြဲလည်းအဆက်အသွယ်မပြတ်ကြဘူး။' လို့ ပက်တင်ဆန်ရဲ့တာဝန်ရှိသူက ဖြေကြားထားပါတယ်။

ပက်တင်ဆန်နဲ့ FKA ရဲ့ လမ်းခွဲမှုက အနေဝေးတာကြောင့်အဓိကဖြစ်မယ်လို့လည်း ထင်ကြေးပေးခဲ့ကြပြီး တကယ်လမ်းခွဲစကားစပြောခဲ့တာ ပက်တင်ဆန်ဘက်ကလို့ဆိုပါတယ်။ အတွင်းသိသူတချို့ရဲ့စကားအရဆိုရင် ရောဘတ်နဲ့ FKA ဟာ နှစ်ယောက်အတူအိမ်တစ်လုံးဝယ်ပြီး စနေဖို့ကြိုးစားပြီးကာမှ အခုလိုလမ်းခွဲလိုက်တော့ FKA က အိမ်ကနေပါထွက်သွားတော့တာပါတဲ့။

play

 

အသက် (၃၁)နှစ်အရွယ် မင်းသားချော ရောဘတ်ပက်တင်ဆန်ကတော့ သူ့အတွက် ကေတီ့လို့မိန်းကလေးသူငယ်ချင်းရှိနေတာ တော်တော်အထောက်အကူဖြစ်တယ်လို့ ၀န်ခံခဲ့ပြီး သူတို့နှစ်ယောက် သူငယ်ချင်းအနေအထားကနေ အဆင့်တက်မလား မတက်ဘူးလားဆိုတာကိုတော့ သူတို့ Fan တွေက ရင်ခုန်နေကြပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ