International Celebrity: ဂျိုလီနဲ့ ရုပ်ချင်းဆင်တဲ့ မင်းသမီးငယ်လေးနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ ဘရတ်ပစ်

သူ့ထက် အသက် ၃၂ နှစ် ငယ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဗြိတိန်မင်းသမီးလေး အယ်လာပါနဲလ် (Ella Purnell) ဟာ Maleficent ရုပ်ရှင်ကားထဲမှာ အန်ဂျလီနာဂျိုလီ ငယ်ငယ်တုန်းက မိန်းကလေးအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

play

 

အခု အသက် ၅၃ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီး ဘရတ်ပစ်ဟာ အယ်လာပါနဲလ်နဲ့ တွဲနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဘရတ်ဟာ အယ်လာကို ၂၀၁၆ ခုနှစ်မှာပြသတဲ့ Miss Peregrine’s Home for Peculiar Children ရုပ်ရှင်ကားထဲမှာ အမ်မာအဖြစ်သရုပ်ဆောင်တာကို မြင်တွေ့ပြီးကတည်းက သဘောကျခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

အယ်လာပါနဲလ်ဟာ လန်ဒန်မှာ ဖွေးဖွားသူလေးဖြစ်ပြီး အခု မိခင်နဲ့အတူ နေနေပါတယ်။ သူမမှာ မောင်ငယ် ၃ ယောက်ရှိပါတယ်။ သူမဟာ  Never Let Me Go, Churchill နဲ့ Kick-Ass 2 စတဲ့ ဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဘရတ်ဟာ သားအကြီးဆုံး မက်ဒေါ့စ်ထက် အသက် ၅ နှစ်သာကြီးတဲ့ မိန်းမငယ်လေးနဲ့ တွဲနေတာကို ကြားတော့ ဂျိုလီတစ်ယောက် သဘောမကျနိုင်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

play

 

"ရုပ်ရှင်ကားတစ်ကားထဲမှာ သူမငယ်ငယ်ကအဖြစ် သရုပ်ဆောင်ခဲ့သူနဲ့ ဘရတ်က အခုလိုတွဲနေတာကိုတော့ သူမ (ဂျိုလီ) ဘယ်လိုမှ မနှစ်သက်နိုင်ဖြစ်နေတယ်" လို့ အတွင်းလူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အယ်လာနဲ့ ရင်းနှီးသူတစ်ဦးကတော့ ဒီသတင်းဟာ လုံးဝမမှန်ပါဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

"ဒါလုပ်ကြံသတင်းပါ။ သူတို့တွေ ဒိတ်လုပ်နေတာမဟုတ်ပါဘူး" လို့ ထိုလူက ပြောခဲ့ပါတယ်။

ဘရတ်ဟာ ၁၂ နှစ်တာ လက်တွဲခဲ့တဲ့ အန်ဂျလီနာဂျိုလီနဲ့ ၂၀၁၆ ခုနှစ်မှာ ကွာရှင်းဖို့လုပ်ပြီးနောက်မှာ လေးလေးနက်နက်နဲ့ ဘယ်သူ့ကိုမှ မတွဲသေးပါဘူး။ ဂျိုလီကလည်း ဘရတ်လိုပဲ တစ်ကိုယ်တည်းနေကာ ကလေးတွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့တာပါ။ ဒါပေမဲ့ နှစ်ယောက်စလုံးဟာ ပရိသတ်တွေချစ်တဲ့ နာမည်ကျော်တွေဖြစ်လေတော့ ကောလာဟလသတင်းတွေကတော့ မကြာခဏဆိုသလို ထွက်ထွက်လာတတ်ပါတယ်။

Source: birminghammail

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ