AD
AD
AD

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ရဲ့မင်္ဂလာပွဲကျင်းပဖို့ တစ်ရက်အလိုမှာ သူတို့မင်္ဂလာမှာ ပြုလုပ်မယ့်အစီအစဉ်တွေကို

တစတစ ပိုပိုသိလာရပါပြီ။

 

play

 

ဆောင်းစုံတွဲနဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ တောင်ကိုရီးယားမင်းသား ပါ့ခ်ဘိုဂမ်က မင်္ဂလာဆောင်မှာ စန္ဒရားတီးပြီး ဖျော်ဖြေပေးမှာဖြစ်ပြီး ဆောင်းဂျွန်ကီရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ လီကွမ်ဆိုးကလည်း မင်္ဂလာဆောင်မှာ စာတစ်စောင်ကို ဖတ်ပြဦးမယ်လို့ သိရပါတယ်။

ဆောင်းဟေကျိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ယူအာအင်ကလည်း စာတစ်စောင်ကို ဖတ်ပြမယ်လို့ သိရပါတယ်။

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ရဲ့ မင်္ဂလာပွဲကို အရင်းနှီးဆုံးမိတ်ဆွေ၊ ဆွေမျိုးများဖြင့်သာ သီးသန့်ပြုလုပ်သွားမှာဖြစ်ပြီး မီဒီယာတွေကို ဝင်ရောက်ခွင့်မပေးဘူးလို့ သိရ့ါတယ်။

play

 

နာမည်ကျော် တောင်ကိုရီးယားသရုပ်ဆောင်စုံတွဲဖြစ်တဲ့ သူတို့နှစ်ဦးဟာ ဆိုးလ်မြို့ရှိ Shilla Hotel မှာ မင်္ဂလာဆောင်မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပြုလုပ်မယ့် သူတို့ရဲ့မင်္ဂလာပွဲကို လူပေါင်း ၁၅၀ ခန့်သာ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

Source : koreaboo

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD