AD
AD
AD

ဂီတသက်တမ်း (၁၈)နှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ အဆိုတော် ချောစုခင်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာမယ့် နှစ်ဆန်းပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နေရာကိုတော့ အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

play

 

‘‘အဆိုတော်တိုင်းကတော့ ဆိုပြချင်တာ။ ချောစုတို့ဆို သီချင်းဆိုတာ ဝါသနာပါလို့ အဆိုတော် ဖြစ်လာတာဆိုတော့ သီချင်းဆိုပြ ချင်တာပေါ့။ ဒါပေမဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ အခုတော့ ကမ်းလှမ်း တဲ့လူလည်းရှိတယ်။ နောက်ပြီး Solo Show လုပ်ချင်တဲ့ ခံစားချက်လည်းဖြစ်နေတဲ့အတွက် လက်ခံ ဖြစ်တာပါ။ တင်ဇာပွဲဆိုရင် ချောစုအား ကျတယ်။

We Love Fan တွေ ရော၊ ပရိသတ်တွေရော တအား ကိုအားပေးတဲ့ပွဲဖြစ်တဲ့အတွက် သူ့ပွဲကို လိုက်အားပေးခြင်းအား ဖြင့် ကိုယ့်အလှည့်ကျရင် ဘယ်လို လုပ်မလဲဆိုတဲ့ အတွေးတွေအ များကြီးဖြစ်တယ်။ သူနဲ့ မတူတဲ့ အိုင်ဒီယာတွေ၊ သူ့ဆီက ကိုယ် ကြိုက်တဲ့ ဘာ Theme တွေယူ မလဲဆိုတာတွေ၊ ပျော်စရာ ကောင်းတဲ့ဟာလေးတွေတော့ အ မြဲတမ်းစဉ်းစားဖြစ်တယ်။ သူ့ဆီကလည်း အကြံဉာဏ်ယူဖြစ် တယ်’’လို့ သူမက ပြောပါတယ်။

play

 

ပထမဆုံးပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဖြစ်တာကြောင့် တာဝန်အရမ်းကြီးတယ်လို့ ခံစားရပြီး ပရိသတ်ကြိုက်တဲ့ သီချင်းများနဲ့ သူမသီဆိုမယ့် သီချင်းများကို ရွေးချယ်ပြီး ပြည့်စုံတဲ့ ပွဲတစ်ပွဲဖြစ်စေဖို့ ကြိုးစားတင်ဆက်သွားမယ်လို့ ဆိုပါတယ်။

ချောစုခင်ဟာ တစ်ကိုယ်တော်အခွေ ၁၃ခွေခန့်ထွက်ရှိထားပြီး ဇော်ပိုင်နဲ့ စုံတွဲ ထွက်ရှိထားတဲ့ "အကြင်နာအင်အား" ဆိုတဲ့ အခွေမှာ ပရိသတ်အားပေးမှု စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Postby

 

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD