AD
AD
AD

ဆယ်လီနာဂိုးမက်စ်နဲ့ ဂျက်စတင်ဘီဘာတို့ဟာ ဘုရားကျောင်းအတူတက်ရုံသာမကဘဲ ဂျေဘီရဲ့အိမ်အထိ သွားလည်ခဲ့တယ်ဆိုတာကို ပြသနေတဲ့ ဓာတ်ပုံတွေ ထွက်လာပါတယ်။

play

 

အောက်တိုဘာလ ၂၉ ရက်နေ့က သူတို့နှစ်ဦးဟာ ဘုရားကျောင်းအတူတက်၊ နံနက်စာ အတူစားပြီးတဲ့နောက် ညဘက်မှာ ဂျက်စတင်ဘီဘာရဲ့အိမ်ကို အတူရောက်သွားခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ပေါ့ပေါ့ပါးပါးဝတ်ဆင်လို့ စိတ်အေးလက်အေးရှိနေကြတာကို တွေ့ရပါတယ်။ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာတို့ကို နေ့ဘက်မှာ အတူတွဲပြီး သွားလာနေတဲ့ပုံတွေကို TMZ က ထုတ်ဖော်ခဲ့ပြီးနောက် သူတို့နှစ်ဦးကို ဂျေဘီရဲ့အိမ်ထဲမှာ အတူတွဲလျက်ရှိနေတာကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပြန်ပါတယ်။

play

 

ဒါဟာ သူတို့နှစ်ဦးကို တွေ့ရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း သူငယ်ချင်းတွေနဲ့အတူ လျှောက်သွားခဲ့ကြပါသေးတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တွဲလိုက် ပြတ်လိုက်ဖြစ်ခဲ့တဲ့ သူတို့နှစ်ဦး ပြန်တွဲနေကြပြန်ပြီလားလို့ ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ ဆယ်လီနာဟာ လက်ရှိတွဲနေတဲ့ အဆိုတော် The Weeknd နဲ့ ပြတ်သွားပြီလို့လည်း သတင်းတွေက ထွက်နေတယ် မဟုတ်လား။

play

 

ဆယ်လီနာနဲ့ ဂျေဘီတို့ဟာ သူငယ်ချင်းတွေလို ချစ်ချစ်ခင်ခင် ပြန်နေဖို့ စိတ်ကူးတာလား၊ ငယ်ချစ်ဟောင်းတွေမို့လို့ ပြန်ဆက်နေကြပြီလားလို့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဆယ်လီနာဂိုးမက်စ်ရဲ့မိသားစုကတော့ သူတို့နှစ်ဦး ပြန်တွဲကြမှာကို သိပ်တော့ မလိုလားကြပါဘူး။

play

 

"ကောင်းတော့မကောင်းဘူး။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင်၊ သူပျော်ရင် ငါတို့လည်း ပျော်တယ်။ သူမနဲ့ ဂျက်စတင်ကြားမှာ ဘာတွေဖြစ်နေပြီလဲဆိုတာကိုတော့ ဆက်ပြီး လေ့လာရဦးမှာပဲ" လို့ ဆယ်လီနာဂိုးမက်စ်ရဲ့ မိသားစုဝင်တစ်ဦးက TMZ ကို ပြောခဲ့တယ်လို့ သိရပါတယ်။

Source : TMZ

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD