ဆိုးလ်မြို့ရှိ Shilla ဟိုတယ်မှာ ကျင်းပနေတဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ရဲ့ မင်္ဂလာပွဲပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင် ထွက်လာပါပြီ။

Postby

 

တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ဟာ ဒီနေ့ (အောက်တိုဘာလ ၃၁ ရက်) မှာ မင်္ဂလာပွဲ ကျင်းပနေတာဖြစ်ပါတယ်။ မင်္ဂလာပွဲကို အရင်းနှီးဆုံး မိသားစုနဲ့ မိတ်ဆွေများသာ ဖိတ်ကြားထားတာဖြစ်ပြီး မီဒီယာများကို ဝင်ရောက်ခွင့် မပေးခဲ့ပါဘူး။ ဒါပေမဲ့ မီဒီယာတွေက ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို အခုလို မြင်တွေ့ရပါတယ်။

play

 

ပုံတွေထဲမှာ မင်္ဂလာမောင်နှံကို ဝိုးတဝါးသာမြင်တွေ့ရပေမဲ့ အခုလိုမြင်တွေ့ရတာကိုပဲ ပရိသတ်တွေ ကျေနပ်နေကြပါတယ်။ အဖြူရောင် သတို့သမီးဝတ်စုံနဲ့ အလှကြီးလှနေတဲ့ ဆောင်းဟေကျိုကို သတို့သား ဆောင်းဂျွန်ကီက အရိပ်တကြည့်ကြည့်ဖြစ်နေတာကိုလည်း ပုံတွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ ဆောင်းဟေကျိုကိုလည်း အရမ်းကို ပျော်ရွှင်တက်ကြွတဲ့ သတို့သမီးလေးအဖြစ် မြင်ရပါတယ်။

play

 

သူတို့ရဲ့မင်္ဂလာပွဲကို လူပေါင်း ၁၅၀ ခန့်သာ ဖိတ်ကြားခဲ့ပြီး အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ တောင်ကိုရီးယားမင်းသား ပါ့ခ်ဘိုဂမ်က မင်္ဂလာဆောင်မှာ စန္ဒရားတီးပြီး ဖျော်ဖြေပေးမှာဖြစ်ပြီး ဆောင်းဂျွန်ကီရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ လီကွမ်ဆိုးကလည်း မင်္ဂလာဆောင်မှာ စာတစ်စောင်ကို ဖတ်ပြမယ်လို့ မင်္ဂလာမဆောင်ခင် တစ်ရက်အလိုကတည်းက သတင်းကြားသိရပါတယ်။

ဒါ့အပြင် ဆောင်းဟေကျိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ယူအာအင်ကလည်း စာတစ်စောင်ကို ဖတ်ပြမယ်လို့ သိရပါတယ်။

Source: koreaboo

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video