AD
AD
AD

ကားအက်စီးဒင့်ကြောင့် ဆုံးပါးသွားတဲ့ တောင်ကိုရီးယားမင်းသား ကင်ဂျိုဟွတ်ကို လာရောက်ကြည့်ရှုကာ ငိုကြွေးနေတဲ့ သူ့ရဲ့ချစ်သူ လီယူယောင်းရဲ့ ပုံရိပ်တွေဟာ မြင်ရသူအတွက် ရင်နင့်စရာပါပဲ။

 

အောက်တိုဘာလ ၃၀ ရက်နေ့မှာ ကားအက်စီးဒင့်ကြောင့် ဆုံးပါးသွားတဲ့ ကင်ဂျိုဟွတ်ရဲ့ အသုဘအခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ချစ်သူ လီယူယောင်းအပါအဝင် ဆယ်လီများစွာ တက်ရောက်ခဲ့ပါတယ်။ လီယူယောင်းဟာ လက်တစ်ဖက်နဲ့ ပါးစပ်ကို အုပ်ကာ ငိုကြွေးနေတာကိုလည်း တွေ့ရပါတယ်။

ကင်ဂျိုဟွတ်ရဲ့အေဂျင်စီ Namoo Actors ကတော့ သူ့ရဲ့ပရိသတ်တွေနဲ့ ဆယ်လီမဟုတ်သူတွေ တက်ရောက်နိုင်မယ့် အခမ်းအနားတစ်ခုကိုလည်း ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဈာပနကိုတော့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

play

 

အသက် ၄၅ နှစ်အရွယ် တောင်ကိုရီးယားမင်းသားကြီး ကင်ဂျိုဟွတ် (Kim Joo Hyuk) ဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ သူ့ရဲ့ကားနဲ့ တခြားကားတစ်စီးကို နောက်ကနေ ဝင်တိုက်မိပြီးတဲ့နောက် အုတ်နံရံနဲ့ ကားကို ၀င်ဆောင့်မိခဲ့တာဖြစ်ပါတယ်။  သူ့ကို ကားထဲက ဆွဲထုတ်ပြီး ဆေးရုံပို့ပေးနိုင်ခဲ့ပေမဲ့ သူ့အသက်ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။

ကင်ဂျိုဟွတ်ဟာ Lovers in Prague  ဇာတ်လမ်းတွဲအပါအဝင် ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ လူသိများသူတစ်ဦးဖြစ်ပြီး နာမည်ကြီး ရှိုးတစ်ခုဖြစ်တဲ့ 2 Days & 1 Night မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ သူဟာ ပြီးခဲ့တဲ့ သောကြာနေ့ကမှ Seoul Awards မှာ “Confidential Assignment” ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ပို့ဆုကိုလည်း ရရှိထားပါသေးတယ်။

play

 

ကင်ဂျီုဟွတ်ဟာ မင်းသမီး လီယူယောင်းနဲ့ ချစ်သူတွေဖြစ်နေကြာင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။ ကင်ဂျိုဟွတ် ကားအက်ဆီးဒင့်ဖြစ်နေချိန်မှာ လီယူယောင်းက ဘူဆန်မှာ “Running Man” အစီအစဉ် ရိုက်ကူးနေချိန်ဖြစ်ပြီး ဒီသတင်းကြားတဲ့အတွက် ရိုက်ကူးနေတာကို ရပ်တန့်လိုက်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD