တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသားမင်းသမီးစုံတွဲဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ကြပြီး အခု သူတို့ရဲ့မင်္ဂလာပွဲအတွက် အသေးစိတ်စာရင်း (စားသောက်စရိတ်၊ အဝတ်အစား၊ ပန်းဖိုး) စတာတွေရဲ့ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ထားတာဖြစ်ပါတယ်။

play

 

ဆောင်းစုံတွဲရဲ့မင်္ဂလာပွဲကို ဆိုးလ်မြို့ရှိ Shilla ဟိုတယ်မှာရှိတဲ့ ရိုးရာ ကိုးရီးယားအိမ်ပုံစံ ပြုလုပ်ထားတဲ့ Yeong Bin Gwan ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီနေရာလေးဟာ မင်္ဂလာပွဲသေးလေးတွေအတွက် ပြုလုပ်ထားတာဖြစ်ပြီး နေရာခက ဝမ် သန်း ၇၀ (ဒေါ်လာ ၆၃,၀၀၀ ခန့် - မြန်မာငွေနဲ့ဆိုရင် သိန်း ၈၅၀ ကျော်) ပေးရပါတယ်။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုက မင်္ဂလာပွဲအတွက် ထိုင်ခုံ ၁၅၀ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

မင်္ဂလာမောင်နှံက ဧည့်သည်တွေအတွက် စားသောက်ဖွယ်ရာတွေ အပြည့်အစုံနဲ့ ဧည့်ခံတာဖြစ်ပြီး တစ်ယောက်စာကို ဒေါ်လာ ၁၈၀ ကနေ ၂၇၀ လောက် အထိ အကုန်အကျခံ ပြင်ဆင်ထားပါတယ်။ ဧည့်ခံတဲ့ စားသောက်ဖွယ်ရာတွေထဲမှာ အသီးအနှံ မျိုးစုံ၊ sea cucumber (ပင်လယ်စာ) ဟင်းလျာများ၊ အမဲသားနဲ့ black bean ဆော့၊ ကိုရီးယားခေါက်ဆွဲ (gaksu) စတဲ့ အစာအးစာတွေအပြင် အခြားအစားအစာတွေလည်း အများအပြားပါဝင်ပါတယ်။

play

 

ဆောင်းဟေကျိုရဲ့လက်ကိုင်ပန်းစည်းက lily of the valley ဆိုတဲ့ ပန်းအမျိုးအစားနဲ့ ပြုလုပ်ထားတာပါ။ အဲဒီပန်းက ကိုရီးယားမှာ မေလအတွင်းမှာပဲ ပွင့်တဲ့အတွက် အခြားနိုင်ငံကနေ မှာယူရတာဖြစ်ပါတယ်။ အဲဒီပန်းစည်းတစ်စည်းကို ဒေါ်လာ ၉,၀၀၀ လောက်အထိ ပေးရပါတယ်။

သတို့သားနဲ့ သတို့သမီးရဲ့မင်္ဂလာဝတ်စုံတွေက နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Christian Dior ဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲမှာလို ပန်းတွေကို အလှဆင်မယ်ဆိုရင် ဒေါ်လာ ၄၅,၀၀၀ ကနေ ဒေါ်လာ ၇၂,၀၀၀ အထိ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

Source: Soompi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video