AD
AD
AD

ဂျက်စတင်ဘီဘာရဲ့သင်းအုပ်ဆရာ Carl Lentz ကလည်း သူတို့နှစ်ဦး ပြန်တွဲဖို့ တိုက်တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။

play

 

ဆယ်လီနာဟာ The Weeknd နဲ့ ပြတ်သွားပြီး ရက်အနည်းငယ်အကြာမှာပဲ ဂျေဘီနဲ့ တွဲသွားတွဲလာ လုပ်နေတဲ့ ဓာတ်ပုံတွေအများကြီး ထွက်ပေါ်နေခဲ့ပါတယ်။

"ဆယ်လီနာ ကျောက်ကပ်လဲဖို့ ဆေးရုံတက်ကတည်းက သူတို့နှစ်ယောက် စာအပြန်အလှန် ပို့နေကြတာ" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

play

 

ဂျေဘီဟာ ဆယ်လီနာ ဆေးရုံတက်ရတဲ့သတင်းကို သတင်းမီဒီယာတွေကနေတစ်ဆင့်သာ သိခဲ့ရပြီး ဆယ်လီနာက သူ့ကို တိုက်ရိုက်မပြောခဲ့တဲ့အတွက်တော့ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆယ်လီနာ အနားယူနေတဲ့အချိန်မှာ သူက ပန်းတွေ ပို့နေခဲ့တယ်လို့လည်း ထိုသတင်းပေးက ပြောပြပါတယ်။

"သူက ဘုရားကျောင်းကို အပတ်တိုင်းသွားတယ်။ သူ့ရဲ့သင်းအုပ်ဆရာ Carl Lentz နဲ့ တချိန်လုံးအတူရှိနေခဲ့တယ်။ ကားလ်က သူတို့နှစ်ယောက် ပြန်တွဲဖို့ တိုက်တွန်းတယ်လေ။ အနည်းဆုံး သူငယ်ချင်းအဖြစ်တော့ ပြန်ပြီးအဆင်ပြေသင့်တယ်လို့ ဖျောင်းဖျတယ်။ ဂျက်စတင်က သူ့ကို ခွင့်လွှတ်ပေးဖို့ တချိန်လုံး တောင်းပန်နေခဲ့တာပါ" လို့ ထိုလူက ပြောပြခဲ့ပါတယ်။

play

 

ဂျေဘီဟာ သူ့ဘဝကို တော်တော်များများ ပြောင်းလဲ ပြုပြင်လိုက်ပြီလို့ ကြားရတာတော့ ဝမ်းသာဆရာပါပဲ။

အသက် ၂၃ နှစ်အရွယ် ဂျေဘီနဲ့ အသက် ၂၅ နှစ်အရွယ် ဆယ်လီနာတို့ဟာ ဆယ်ကျော်သက်အရွယ် ၂၀၁၀ ပြည့်နှစ်ကစပြီး တွေ့ခဲ့ကြတာပါ။ ၂၀၁၄ အထိ ပြတ်လိုက်ဆက်လိုက်ဖြစ်နေကြတဲ့ သူတို့နှစ်ဦးဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေချစ်ရတဲ့ စုံတွဲလေးတစ်တွဲဖြစ်ခဲ့ပါတယ်။

Source : The Sun

Postby

 

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD