ရည်းစားဟောင်းတွေဖြစ်ကြတဲ့ ဆယ်လီနာနဲ့ 1D အဖွဲ့ဝင်ဟောင်း နီရယ်ဟိုရန်တို့ပြန်တွဲဖြစ်မလိုလိုစကားတွေလည်း ဒီရက်ပိုင်း Fans တွေဆီကအသံထွက်လာပါတယ်။

play

 

အကြောင်းကတော့ နီရယ်က ပြီးခဲ့တဲ့ရက်မှာ ဆယ်လီနာကို အရမ်းကိုပြီးပြည့်စုံတဲ့မိန်းကလေးဖြစ်သလို သူအမြဲလေးစားမြတ်နိုးမိတယ်လို့ ပြောလာလို့ပဲဖြစ်ပါတယ်။

နီရယ်ရဲ့အဲ့စကားကြောင့် နီရယ်ကတော့ဆယ်လီနာနဲ့ပြန်တွဲချင်နေပြီဆိုတဲ့စကားတွေ တက်လာတာပါ။ ဒါပေမယ့် အဲ့ဒီ့အဖြစ်အပျက်ကို ဆယ်လီနာကတော့ သူမကိုအဲ့လိုချီးကျူးလို့ အရမ်းသဘောကျမိပါတယ်။

ဒါပေမယ့် သူတို့ဘယ်တော့မှပြန်တွဲဖြစ်တော့မှာတော့ မဟုတ်ပါဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြန်ပြောလိုက်ပါတယ်။

play

 

လတ်တလောမှာ The Weeknd နဲ့ပြတ်စဲပြီး JB နဲ့အဆင်အပြေကြီးပြေနေပုံရတဲ့ ဆယ်လီနာဟာ JB ကမှလွဲရင် လတ်တလောဘယ်သူ့ကိုမှကို ရင်ဘတ်ထဲရောက်ပုံမရသေးပါဘူး။ နီရယ် Fans တွေကတော့ နီရယ်တကယ်ပြန်တွဲချင်ရင်တော့ ၀မ်းနည်းစရာပဲလို့ဆိုကြသလို နီရယ်က သာမန်ချီးကျူးစကားမျိုးပြောလိုက်တာပဲဖြစ်ပါလိမ့်မယ်လို့လဲ ပြန်ပြောထားတာတွေရှိပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video