AD
AD
AD

တောင်ကိုရီးယား ဆယ်လီစုံတွဲဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ တရုတ်မင်းသမီး ကျန်းဇိရီဟာ မင်္ဂလာပွဲကို ခွင့်ပြုချက်မရဘဲ မှတ်တမ်းတင်မိခဲ့တဲ့အတွက် တောင်းပန်လိုက်တာ ဖြစ်ပါတယ်။

play

 

ကျန်းဇိရီ (Zhang Ziyi) ရဲ့ ခင်ပွန်းဖြစ်တဲ့ ရော့ခ်စတား ၀န်ဖန်း(Wang Feng) ဟာ မင်္ဂလာပွဲကို ခွင့်ပြုချက်မရဘဲ ဒရုန်းနဲ့ ရိုက်ကူးခဲ့တဲ့ တရုတ်မီဒီယာ Suiyue ကို တည်ထောင်သူတစ်ဦးဖြစ်ပါတယ်။

သူမက မင်္ဂလာပွဲကို ဖိတ်ကြားခံရတဲ့ ဧည့်သည်တော်တစ်ဦးဖြစ်ပြီး ခင်ပွန်းရဲ့ကုမ္ပဏီလည်းဖြစ်တဲ့အတွက် အခုလို တောင်းပန်ခဲ့တာဖြစ်ပါတယ်။

play
ကျန်းဇိရိတို့ မိသားစု

 

ကျန်းဇိရီကိုယ်တိုင်က ဒရုန်းနဲ့ရိုက်ကူးတဲ့ကိစ္စကို တရုတ်နိုင်ငံကို ပြန်ရောက်မှ သိခဲ့ရတာဖြစ်တယ်လို့ တရုတ်မီဒီယာတစ်ခုကို ဖြေကြားထားပါတယ်။

"ကျွန်မရော ကျွန်မခင်ပွန်းရော ဒီကိစ္စကို လုံးဝမသိပါဘူး။ လုပ်ငန်းကျွမ်းကျင်တဲ့ မန်နေဂျာတွေကို စီမံခန့်ခွဲမှုအားလုံး လွှဲပေးထားတာ တစ်နှစ်ခွဲလောက်ရှိနေပါပြီ" လို့ သူမက ဖြေကြာခဲ့ပါတယ်။

"တကယ်လို့သာ ကျွန်မတို့တွေ ကြိုသိခဲ့မယ်ဆိုရင် ဒီလို ရှက်စရာကောင်းတဲ့ လုပ်ဆောင်မှုကို တားမှာပါပဲ။ ဝန်ဖန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး စီအီးအိုတွေကို ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုလည်း ပေးမှာပါ။ ပြဿနာနဲ့ သူတို့အမှားကို သူတို့ သိသွားကြပါပြီ" လို့ ကျန်းဇိရီက ပြောထားပါတယ်။

play

 

တောင်ကိုရီးယား မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေကျိုတိုဟာ အောက်တိုဘာလ ၃၁ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး အရင်းနှီးဆုံးမိတ်ဆွေ ၁၅၀ ခန့်သာ ဖိတ်ကြားခဲ့ကာ မင်္ဂလာပွဲကို မီဒီယာတွေလည်း လာရောက်ခွင့်မပေးခဲ့ပါဘူး။

Source : chinanews

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD