AD
AD
AD

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ရဲ့ မင်္ဂလာပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး အခုချိန်အထိ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေအဖို့ မမေ့နိုင်သေးတဲ့ နေ့လေးတစ်နေ့လည်းဖြစ်ပါတယ်။ အဲဒီနေ့မှာ ဆောင်းဂျွန်ကီက ဆောင်းဟေကျိုကို ဘယ်လိုကတိသစ္စာတွေပြုခဲ့လဲဆိုတာကို သိချင်တဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

play

"ဆောင်းဟေကျိုကို ကျွန်တော့်ရဲ့ဇနီးမယားအဖြစ် မှတ်ယူဖို့ သန္တွိဋ္ဌာန်ချလိုက်ပါပြီ။ ကမ္ဘာပေါ်က တခြားသူတွေ လျှောက်လှမ်းခဲ့ကြတဲ့လမ်းကို ကျွန်တော်တို့ လျှောက်လှမ်းနေပါပြီ။ လျှောက်လှမ်းနေချိန်အတွင်းမှာ မိုးရွာမယ်၊ လေတိုက်မယ်။ အတားအဆီးများစွာကို ဖြတ်ကျော်ခရီးဆက်ရနိုင်တယ်။ ဒါပမေဲ့ အဲဒီအချိန်တွေမှာ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ရဲရဲရင့်ရင့်နဲ့ လျှောက်လှမ်းပါ့မယ်။ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ရယ်မောပြီး ဒါဟာ ပြဿနာကြီးမဟုတ်ပါဘူးလို့ ပြောကြမယ်" လို့ ဆောင်းဂျွန်ကီက ပြောခဲ့ပါတယ်။

ဒါ့အပြင် တစ်ယောက်အပေါ်တစ်ယောက် သစ္စာတရားတွေ ပိုမိုကြီးမားလာအောင် သူတို့ရဲ့အချစ်ကို ပြုစုပျိုးထောင်သွားမယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။

play

 

"တွဲလက်တွေ ပိုပြီးခိုင်မာစွာနဲ့ ရဲရဲရင့်ရင့် ဆက်လက်လျှောက်လှမ်းနိုင်အောင် ကျွန်တော်တို့သင်ယူပါမယ်။ ကျွန်တော့်ရဲ့ ဇနီးအလှရတနာလေးအတွက် ကတိသစ္စာပြုပါတယ်" လို့ ဆောင်းဂျွန်ကီက ပြောခဲ့ပါတယ်။

သူ့ရဲ့ကတိသစ္စာစကားဟာ ဆောင်းဟေကျိုအပြင် မင်္ဂလာပွဲတက်ရောက်လာတဲ့ ဧည့်ပရိသတ်အားလုံးကို မျက်ရည်ကျစေခဲ့ပါတယ်။

တောင်ကိုရီးယား မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေကျိုတိုဟာ အောက်တိုဘာလ ၃၁ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး အရင်းနှီးဆုံးမိတ်ဆွေ ၁၅၀ ခန့်သာ ဖိတ်ကြားခဲ့ကာ အကျဉ်းရုံးကျင်းပခဲ့ပါတယ်။

Source: Koreaboo

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD