AD
AD
AD

လက်ရှိမှာ အောင်မြင်မှုပေါင်းများစွာရရှိနေတဲ့ တေလာဆွစ်ဖ်ရဲ့ Reputation တေးအယ်လ်ဘမ်မှာ သူ့အကြောင်းသီချင်းစာသားတချို့မှာ စောင်းမြောင်းသီဆိုထားပါတယ်လို့ ကာညေးဝက်စ်က ဆိုလိုက်ပါတယ်။ အဲ့လိုစောင်းမြောင်းသီဆိုမှုတွေရှိနေလို့လည်း တေလာက အောင်မြင်မှုတွေပိုရနေတာပါလို့ ကာညေးက ထင်မြင်နေပါတယ်။

play

 

" အယ်လ်ဘမ်ထွက်ပြီးပြီးချင်း နားထောင်ပြီးတော့ ကာညေးက လှောင်ရယ်ရယ်နေသေးတယ် " လို့ ကာညေးနဲ့ကင်မ်ကာဒေရှီယန်တို့နဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။

တေလာဟာ Reputation အယ်လ်ဘမ်ရဲ့ ၁၃ပုဒ်မြောက်သီချင်းမှာ "It was so nice being friends again, there I was giving you a second chance" လို့ထည့်ဆိုထားပြီး “But you stabbed me in the back while shaking my hand" ဆိုတာပါ ပါပါတယ်။ အဲ့ဒီ့စာသားတွေက ကာညေးတို့ကိုရည်ရွယ်ထားမှန်း အသိအသာကြီးပါလို့လည်း ပြောကြပါတယ်။

play

 

အသက် ၄၀ရှိနေပြီဖြစ်တဲ့ ကာညေးဝက်စ်ဟာ ၂၀၀၉ ခုနှစ်တုန်းက VMAs ပွဲမှာ တေလာ့ကို အရှက်ရစေပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ကြားက ပြဿနာတွေက တဖြည်းဖြည်းပိုကြီးထွားလာတာပါ။ ၂၀၁၆ မှာ ထွက်ရှိခဲ့တဲ့ ကာညေးရဲ့ 'Famous' သီချင်းဗီဒီယိုဟာဆိုရင်လည်း တေလာ့ကိုတော်တော်သိသိသာသာ ပုတ်ခတ်ထားမှန်း ပေါ်လွင်ခဲ့ပါသေးတယ်။ ဒါကြောင့် ဒီနောက်ပိုင်းတောက်လျှောက်မှာလည်း တေလာ့ဘက်က ပြန်တုံ့ပြန်မှုတွေရှိနေတာ အလွန်မဟုတ်ပါဘူးလို့ တေလာ့ဘက်ကသူငယ်ချင်းဆယ်လီအချို့က ထင်ကြေးပေးကြပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD