International Celebrity: တတိယမြောက်ကလေးယူဖို့ပြင်ဆင်နေပြီဆိုတဲ့ ဂျက်စီကာအယ်လ်ဘာ

ယောက်ျားလေးလိုချင်တာပါတဲ့။

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးမင်းသမီးစာရင်းဝင်ဖြစ်ခဲ့ဖူးတဲ့ မင်းသမီးချောဂျက်စီကာအယ်လ်ဘာဟာ အခုဆိုရင် တတိယမြောက်ကလေးယူဖို့ပြင်ဆင်နေပြီလို့ တရားဝင်ပြောကြားလိုက်ပါတယ်။

play

 

အသက် ၉နှစ်နဲ့ ခြောက်နှစ်အရွယ်သမီးငယ်နှစ်ဦးနဲ့အတူ ခင်ပွန်းဖြစ်သူ ကက်ရှ်ဝါရန်နဲ့ ပျော်ရွှင်တဲ့မိသားစုလေးပိုင်ဆိုင်ထားတဲ့သူမဟာ အခုဆိုရင် တတိယမြောက်ကလေးငယ်ကို သားယောက်ျားလေးလိုချင်တယ်လို့ ဆိုလာပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်သူဟာ အဆိပ်အတောက်ကင်းစင်တဲ့ အိမ်ထောင်မှုပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ဂျက်ဆီကာက 'ကျွန်မအတွက် ဘာမှလိုလေသေးရှိမှာမဟုတ်ပါဘူး။ ကျန်းကျန်းမာမာနဲ့ပျော်ရွှင်တဲ့မိသားစုတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင်ဦးမှာပါပဲ။' လို့လည်း ဖြေကြားခဲ့ပါတယ်။

play

 

The Eyes, Fantastic Fours ရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကျော်အောင်မြင်လာခဲ့တဲ့ ဂျက်စီကာဟာ လတ်တလောမှာတော့ ဟောလိဝုဒ်အနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ပါဘူး။ မိသားစုကိုပဲအချိန်ပိုပေးဖြစ်နေတဲ့အတွက် ပိုပျော်နေပါတယ်လို့လည်း ဂျက်စီကာရဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ