International Celebrity: ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ဖွင့်ပြောလိုက်တဲ့ မီရန်ဒါကားရ်

လွန်ခဲ့တဲ့ ၆ လက လက်ထပ်ခဲ့ကြတာပါ။

အမေရိကရဲ့ အသက်အငယ်ဆုံး ဘီလျံနာဖြစ်တဲ့  Snapchat တည်ထောင်သူ အီဗန်စပီးဂဲလ်နဲ့  လွန်ခဲ့တဲ့ ၆ လက လက်ထပ်လိုက်တဲ့ စူပါမော်ဒယ် မီရန်ဒါကားရ်ဟာ မကြာခင် သူတို့နှစ်ဦးရဲ့ သားဦးလေး ထွန်းကားတော့မယ်ဆိုတာကို ဖွင့်ဟလိုက်တာဖြစ်ပါတယ်။

play

 

ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွန်းနဲ့ ဖလင်း (Flynn) ဆိုတဲ့ သားတစ်ယောက် ထွန်းကားခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် သြစတြေးလျမော်ဒယ် မီရန်ဒါဟာ အသက် ၂၇ နှစ်အရွယ် အီဗန်နဲ့ ကိုယ်ဝန်ရှိနေပြီဆိုတာကို နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

"မီရန်ဒါ၊ အီဗန်နဲ့ ဖလင်းတို့က သူတို့ရဲ့ မိသားစုဝင်အသစ်ကို ကြိုဆိုဖို့ စောင့်မျှော်နေကြပါတယ်" လို့ သူတို့မိသားစုရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက DailyMail.com ကို ပြောခဲ့တယ်လို့ သိရပါတယ်။

play

 

မီရန်ဒါနဲ့ အော်လန်ဒိုဟာ ၂၀၁၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

အီဗန်နဲ့ မီရန်ဒါကတော့ ၂၀၁၄ ခုနှစ်မှာ စတွဲဖြစ်ခဲ့ကြပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ စေ့စပ်ခဲ့ကြကာ ၂၀၁၇ ခုနှစ် မေလအတွင်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Source : Daily Mail

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ