International Celebrity: သုံးနှစ်ကြာ တွဲခဲ့ပြီးနောက် လမ်းခွဲလိုက်ကြတဲ့ လီမင်ဟိုနဲ့ ဆူဇီ

ကိုရီးယားသတင်းတစ်ခုမှာ ဖော်ပြထားတာဖြစ်ပါတယ်။

တောင်ကိုရီးယားစတားတွေဖြစ်ကြတဲ့ အသက် ၃၀ နှစ်အရွယ် လီမင်ဟိုနဲ့ အသက် ၂၃ နှစ်အရွယ် ဆူဇီတို့ဟာ လမ်းခွဲလိုက်ကြပြီလို့ နို​င်ဘာလ ၁၆ ရက်နေ့မှာ ကိုရီးယားသတင်းဌာနတစ်ခုက ရေးသားထားပါတယ်။

play

 

"လီမင်ဟိုနဲ့ ဆူဇီတို့ဟာ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းတွေကြောင့် လမ်းခွဲလိုက်ကြတာဖြစ်ပြီး ဖျော်ဖြေရေးကဏ္ဍမှာ လုပ်ဖော်ကိုင်ဖက်ကောင်းတွေအဖြစ် ဆက်လက်တည်ရှိနေမှာပါ" လို့ အတွင်းလူတစ်ဦးက ပြောကြားခဲ့ကြောင်း ကိုရီးယားသတင်းဌာနတစ်ခုမှာ ဖော်ပြထားပါတယ်။

ဆူဇီရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး တိုတိုတုတ်တုတ်သာ ဖြေကြားပြီး အတည်ပြုခဲ့ပါတယ်။

play

 

"ဆူဇီနဲ့ လီမင်ဟိုတို့ မကြာသေးမီက လမ်းခွဲလိုက်တယ်ဆိုတာ မှန်ပါတယ်" လို့ JYP က ပြောကြားလိုက်တယ်လို့သိရပါတယ်။

လီမင်ဟိုနဲ့ ဆူဇီတို့ဟာ ချစ်သူတွေဖြစ်နေကြကြောင်း ၂၀၁၅ ခုနှစ် မတ်လကမှ လူသိရှင်ကြား ကြေညာလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၂ နှစ်ပြည့် ပါတီပွဲတောင် ကျင်းပခဲ့ကြပါသေးတယ်။

လက်ရှိမှာတော့ လီမင်ဟိုက ဆိုးလ်မြို့၊ ဂမ်းနမ်းမှာ လူမှုဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ