International Celebrity: အနမ်းခြွေနေကြတဲ့ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်စ်

အမြဲတတွဲတွဲ မခွဲပါပဲ။

ဂျက်စတင်ဘီဘာဟာ ဟော်ကီကစားခါနီးမှာ ဆယ်လီနာဂိုးမက်စ်ဆီက အနမ်းတစ်ပွင့်ကို ရရှိလိုက်တာဖြစ်ပါတယ်။

play

 

ပြန်တွဲနေကြတဲ့ သူတို့နှစ်ဦးဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ညက အယ်လ်အေရှိ ဂျေဘီ အပတ်စဉ်ကစားတဲ့ ဟော်ကီကစားပွဲကို အတူရောက်လာခဲ့တာဖြစ်ပါတယ်။

အချစ်ဟောင်းတွေဖြစ်တဲ့ ဂျေဘီနဲ့ ဆယ်လီနာဟာ အောက်တိုဘာလ နောက်ဆုံးပတ်လောက်ကတည်းက ပြန်တွဲနေကြတာ ဖြစ်ပေမဲ့ ချစ်သူတွေ ပြန်ဖြစ်သွားကြပြီလို့ အတိအလင်းကြေညာခြင်းမရှိပါဘူး။

ဒါပေမဲ့ အခုအနမ်းကတော့ သူတို့နှစ်ဦး ချစ်သူတွေ ပြန်ဖြစ်သွားပြီလို့ တရားဝင်ကြေညာလိုက်တာလို့ ယူဆရပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် ဂျေဘီနဲ့ အသက် ၂၅ နှစ်အရွယ် ဆယ်လီနာတို့ဟာ ဆယ်ကျော်သက်အရွယ် ၂၀၁၀ ပြည့်နှစ်ကစပြီး တွေ့ခဲ့ကြတာပါ။ ၂၀၁၄ အထိ ပြတ်လိုက်ဆက်လိုက်ဖြစ်နေကြတဲ့ သူတို့နှစ်ဦးဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေချစ်ရတဲ့ စုံတွဲလေးတစ်တွဲဖြစ်ခဲ့ပါတယ်။

ဆယ်လီနာက ဒီနှစ်ဆန်းပိုင်းမှာ အဆိုတော် Thw Weeknd နဲ့ တရားဝင်တွဲနေကြတာဖြစ်ပြီး သူတို့နှစ်ယောက် ပြတ်သွားပြီလို့ သတင်းတွေထွက်ပြီး ရက်အနည်းငယ်အကြာမှာ ဂျေဘီနဲ့ ပြန်တွဲဖြစ်နေကြတာ ဖြစ်ပါတယ်။

play

 

ဆယ်လီနာ ကျောကပ်လဲလိုက်ရတဲ့သတင်းကြောင်း တစ်ယောက်နဲ့ တစ်ယောက် အရင်တုန်းက မကျေနပ်ချက်တွေကို မေ့လိုက်ပြီး မိတ်ဆွေတွေအဖြစ် ပြန်အဆင်ပြေကြတယ်လို့ ဆိုသော်ငြား မကုန်သေးတဲ့ သံယောဇဉ်တွေကြောင့် သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုက ခဏတွင်းချင်းမှာ  တဆင့်ချင်း တိုးတက်လာတာလည်း ဖြစ်ပါလိမ့်မယ်။

Source : TMZ

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ