AD
AD
AD

Game of Thrones ဇာတ်လမ်းတွဲမှ Khal Drogo အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အမေရိကန်မင်းသား ဂျေဆန်မွန်မိုအာ(Jason Momoa) ဟာ ဇနီး လီဆာဘွန်းနပ်ထက် ၁၂ နှစ် ငယ်ပါတယ်။

play

 

အသက် ၃၈ နှစ်အရွယ် ဂျေဆန်နဲ့ အသက် ၅၀ အရွယ် လီဆာတို့ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက တွဲနေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ပြီးခဲ့တဲ့လကမှ တရားဝင်လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

ဂျေဆန်ဟာ  The Late Late Show မှာ သူ့ရဲ့လက်ထပ်လက်စွပ်ကို ကြွားဝါရင်း ဇနီးဖြစ်သူအကြောင်းကို ပြောခဲ့ပါတယ်။

"ကျွန်တော့်အသက် ၈ နှစ်အရွယ်က TV မှာ သူ့ကို တွေ့တယ်။ အဲဒါနဲ့ ကျွန်တော်က အမေ..အဲဒီတစ်ယောက်ကို ကျွန်တော်လိုချင်တယ်လို့ ပြောလိုက်တယ်" လို့ ဂျေဆန်က ဆိုပါတယ်။

"ကျွန်တော့်တစ်ဘဝလုံး သူ့ကို အမြဲတမ်း လိုက်ကြည့်ပြီး မရရအောင် ယူမယ်လို့ တွေးလိုက်တယ်" တဲ့။

ဒီအကြောင်းကို ကလေး ၂ ယောက်မရခင်အထိ ဂျေဆန်က လီဆာကို မပြောဘဲ နှုတ်ဆိတ်နေခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဂျေဆန်နဲ့လီဆာမှာ အခုဆိုရင် လိုလာလိုလာနီဆိုတဲ့ ၁၀ နှစ်အရွယ် သမီးလေးတစ်ယောက်နဲ့ Nakoa-Wolf Manakauapo Namakaeha ဆိုတဲ့ ၈ နှစ်အရွယ် သားလေးတစ်ယောက် ရှိနေပါပြီ။

လီဆာဟာ အဆိုတော် Lenny Kravitz နဲ့ လက်ထပ်တုန်းက ရခဲ့တဲ့ သမီးလေး Zoë Kravitz လည်းရှိပါသေးတယ်။

လီဆာနဲ့ ဂျေဆန်ဟာ ၂၀၀၅ ခုနှစ်က နယူးယော့ခ်စီးတီးက ဂျက်ဇ်ကလပ်တစ်ခုမှာ သူငယ်ချင်းတွေကတစ်ဆင့် စသိခဲ့ကြတာဖြစ်ပါတယ်။

Source : Mirror

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD