ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆယ်လီနာတစ်ယောက်ဆံပင်အရောင်ပြောင်းလိုက်တာ Fans တွေအကုန်လုံးအံ့အားသင့်သွားခဲ့ရပါတယ်။ အခုလို ရွှေဖြူရောင်ဆံပင်မျိုး သူမတစ်ခါမှမပြောင်းခဲ့ဖူးပါဘူး။ အနက်၊ အညိုနဲ့ တခြားအရောင်ရင့်ရင့်တွေပဲ ပြောင်းလေ့ဆိုးလေ့ရှိတဲ့သူမဟာ အခုလို ရွှေဖြူရောင်ဆံပင်ရဖို့လည်း အချိန် ၉နာရီနီးပါးလောက်ကို ပေးခဲ့ရတာပါ။

play

 

American Music Awards ပွဲတက်လာချိန်မှာ အခုလိုဆံပင်ဒီဇိုင်းသစ်နဲ့တွေ့လိုက်ရတဲ့သူမဟာ သူမဆံပင်အရောင်ဆိုးခဲ့စဉ်က အခက်အခဲတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

"ချွတ်ဆေး ၈ဘူး၊ အချိန် ၉နာရီနီးပါးလောက်ကိုကြာခဲ့တယ်။ ဆံပင်ဆိုးပေးတဲ့လူနှစ်ယောက်လုံးလည်း တော်တော်အလုပ်ရှုပ်သွားကြတာ" လို့ ရယ်မောရင်းဆိုပါတယ်။ ဆံပင်ချွတ်ဆေးနဲ့ဆိုးဆေးထိပြီး ၉နာရီကြာနေရတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလို့လည်းဆိုပါသေးတယ်။

play

 

လက်ရှိမှာ ဂျေဘီနဲ့အဆင်အပြေကြီးပြေနေဆဲဖြစ်တဲ့ ဆယ်လီနာဟာ ဆိုးဝါးတဲ့ကျန်းမာရေးအခြေအနေအခက်အခဲတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ဒီဇိုင်းအသစ်နဲ့ ပရိသတ်ကြီးဆီပြန်ရောက်လာတယ်လို့ ထင်ရပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ Wolves သီချင်းဗီဒီယိုမှာတော့ နဂိုဆံပင်အမည်းနဲ့ပဲရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အဲ့ဗီဒီယိုထဲမှာလည်း ဆွဲဆောင်မှုပြင်းပြင်းလှနေတဲ့ဆယ်လီနာကို ပရိသတ်တွေမြင်တွေ့ခဲ့ကြရပါသေးတယ်။

Postby

 

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video