ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ဟာ စေ့စပ်လိုက်ပြီဖြစ်ကြောင်းနဲ့ ၂၀၁၈ အစောပိုင်းမှာ လက်ထပ်တော့မှာဖြစ်ကြောင်း ဒီနေ့ (နိုဝင်ဘာလ ၂၇ ရက်) မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

play

 

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က သူမရဲ့ နှစ် ၇၀ ပြည့် မင်္ဂလာနှစ်ပတ်လည် မတိုင်ခင် တစ်ပတ်အလိုမှာ မြေးတော်ဖြစ်သူ ဟယ်ရီကို လက်ထပ်ဖို့ ခွင့်ပြုပေးလိုက်ပါတယ်။


ဟယ်ရီဟာ မီဂန်နဲ့ လက်ထပ်ဖို့အတွက် မီဂန်ရဲ့ မိဘနှစ်ပါးဖြစ်တဲ့ သောမက်စ်မာကယ်နဲ့ ဒိုရီရာ ရေ့လန်းတို့ဆီမှာလည်း ခွင့်တောင်းပြီဖြစ်တယ်လို့ သိရပါတယ်။

play


၆ လကြာ တိတ်တဆိတ်တွဲပြီးတဲ့နောက် လွန်ခဲ့တဲ့ ၁ နှစ်က ချစ်သူတွေဖြစ်ကြောင်း ကြေညာခဲ့တဲ့ သူတို့စုံတွဲဟာ ယခုလအစောပိုင်းက လန်ဒန်မြို့မှာ စေ့စပ်ခဲ့ကာ ၂၀၁၈ အစောပိုင်းကျရင် လက်ထပ်တော့မယ်လို့ Kensington နန်းတော်က ပြောခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဟယ်ရီနဲ့ အသက် ၃၆ နှစ်အရွယ် မီဂန်တို့ဟာ မင်္ဂလာပွဲကျင်းပမယ့် နေရာကို မကြေညာသေးပါဘူး။

Source : Time

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video