AD
AD
AD

တောင်ကိုရီးယား ဆယ်လီစုံတွဲဖြစ်တဲ့ ရိန်းနဲ့ ကင်တေးဟီတို့ဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ သူတို့ရဲ့သမီးဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သမီးလေးနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေ ဖော်ပြခြင်းလည်းမရှိသလို သမီးရဲ့အကြောင်းကိုလည်း မပြောတဲ့အတွက် လူတွေရဲ့သိချင်စိတ်က ပိုပြီး ကြီးထွားလာခဲ့ပါတယ်။

အဲဒါကြောင့် ပရိသတ်တွေက ရိန်းနဲ့ ကင်တေးဟီရဲ့ သမီးလေးပုံကို သူတို့စိတ်မှန်းနဲ့ ဓာတ်ပုံလေးတွေ ဖန်တီးနေခဲ့ကြရပါတယ်။

play

 

နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ Carefree Travelers တီဗီရှိုးအစီအစဉ် ရိုက်ကူးနေတုန်း အဲဒီအစီအစဉ်ရဲ့ အစီအစဉ်မှူးက သမီးလေးရဲ့ပုံစံနဲ့ ပတ်သက်ပြီး ရိန်းကို မေးမြန်းခဲ့ပါတယ်။

ရိန်းက တွန့်ဆုတ်နေခြင်းမရှိဘဲ ပျော်ရွှင်စွာနဲ့ ဖြေကြားပေးခဲ့ပါတယ်။

"ပထမဆုံးအချက်ကတော့ သမီးမှာ မျက်ရစ်ပါတယ်" လို့ ရိန်းက ဆိုခဲ့ပါတယ်။

ရိန်းက အဲဒီလိုဖြေကြားပြီးတာနဲ့ တပြိုင်နက်တည်း အစီအစဉ်မှူးတွေက ရိန်းကို ကွန်ကရက်ကျူလေးရှင်း လုပ်ခဲ့ပါတယ်။

ရိန်းက သူ့ရဲ့မိသားစုအကြောင်းကို အမြဲတမ်း လိုလိုလားလားနဲ့ ဖြေဆိုသူတစ်ယောက် မဟုတ်ပါဘူး။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်လွှင့်တဲ့ SBS Power FM ရဲ့ Cultwo Show မှာ "ဖခင်တစ်ယောက် ဖြစ်လာရတာ ဘယ်လိုမျိုးနေလဲ" လို့ အမေးခံရချိန်မှာတော့ ရိန်းတစ်ယောက် မဖြေချင်ခဲ့ပါတယ်။

play

 

"လူအများစုက မေးကြတယ်။ အဲဒါဘယ်လိုနေလဲ။ မိသားစု ဘယ်လိုနေလဲ။ ဒါပေမဲ့ ကျွန်တော် လက်ထပ်ပြီး တခြားဆယ်လီမိသားစုတွေကို မြင်ပြီးတဲ့နောက် ကျွန်တော် စည်းမျဉ်းတစ်ခုထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါကတော့ အသံလွှင့်ဌာနတွေမှာ ကျွန်တော့်မိသားစုအကြောင်း မပြောဘူးဆိုတာပဲ။ လူတွေက ကျွန်တော့်ကို မေးခွန်းတွေ မေးလာမယ်ဆိုရင် နားလည်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်" လို့ပဲ ရိန်းက ဖြေခဲ့ပါတယ်။

တောင်ကိုရီးယား သရုပ်ဆောင်များဖြစ်ကြတဲ့ ရိန်းနဲ့ ကင်တေးဟီဟာ ၄ နှစ်ကြာ တွဲခဲ့ပြီးတဲ့နောက် ယခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ပေါ့ပ်အဆိုကျော် ရိန်းနဲ့ အသက် ၃၇ နှစ်အရွယ် မင်းသမီးတို့ဟာ ဆိုးလ်မြို့ရှိ ကက်သလစ်ဘုရားကျောင်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က မင်္ဂလာပွဲကို အရိုးရှင်းဆုံး ကျင်းပခဲ့ကြပါတယ်။

Source: Allkpop

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD