AD
AD
AD

အသက် ၂၇ နှစ်အရွယ် ဟောလိဝုဒ်မင်းသမီး ဂျနီဖာလောရန့်စ်နဲ့ အသက် ၄၈ နှစ်အရွယ် ဒါရိုက်တာ ဒါရန်အာရွန်နော့ဖ်စကီတို့ဟာ ပြီးခဲ့တဲ့ အပတ်က လမ်းခွဲလိုက်ကြတယ်လို့ သိရပါတယ်။

play

 

အသက် ၂၁ နှစ်တောင် ကွာတဲ့ သူတို့စုံတွဲရဲ့ အဓိကပြဿနာကလည်း အသက်ကွာခြားမှုပါပဲလို့ သတင်းပေးတစ်ဦးက Peope မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

"ဒါရန်ရဲ့ ထက်မြက်မှုနဲ့ ပညာရည်မြင့်မားမှုကို ဂျနီဖာက သဘောကျတယ်။ ဒါရန်က ဂျနီဖာရဲ့ ပါရမီနဲ့ ကိုယ်ရည်ကိုယ်သွေးကို သဘောကျတယ်။ သူတို့မှာ အသက်ကွာခြားမှု ကြီးမားပေပမဲ့ တစ်ဦးနဲ့ တစ်ဦး လေးစားမှု အရမ်းရှိပါတယ်။ ဒါပေမဲ့ တခြားဟာတွေကျတော့ ညှိဖို့မလွယ်ဘူးလေ" လို့ ထိုလူက ပြောခဲ့တာပါ။

play

 

သူတို့နှစ်ဦးဟာ ဒါရန်ရိုက်ကူးပြီး ဂျနီဖာလောရန့်စ်အဓိပါဝင်ထားတဲ့ Mother ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးတဲ့နောက် ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

အ်ာစကာဆုရှင် ဟောလိဝုဒ်မင်းသမီး ဂျနီဖာလောရန့်စ်နဲ့ ဒါရန်အာရွန်နော့စကီ ( Darren Aronofsky ) တို့ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ချစ်သူသက်တမ်းက တစ်နှစ်ကျော်ရှိခဲ့ပါတယ်။

Source : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD