AD
AD
AD

တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် ရိန်းဟာ သူ့ရဲ့မီနီအယ်လ်ဘမ်အသစ် My Life အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်မှာ ဖခင်တစ်ယောက်ဖြစ်ရခြင်းရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။

play

 

ရိန်းဟာ မိသားစုအကြောင်း ပြောသင့်မပြောသင့်ဆိုတာကို တော်တော်လေး စဉ်းစားခဲ့ရတယ်လို့ ဆိုပါတယ်။

"မိသားစုအကြောင်းကို လူသိရှင်ကြား ပြောသင့်မပြောသင့်ကို ကျွန်တော် တော်တော်လေး စဉ်းစားဖြစ်တယ်။ ဒါပေမဲ့ ဖခင်တစ်ယောက်ဖြစ်ရတာ ဘယ်လိုခံစားရသလဲဆိုတာကိုတော့ ကျွန်တော် ပြောပြချင်တယ်" လို့ ရိန်းက ဆိုခဲ့ပါတယ်။

play

 

အဲဒီနောက် ရိန်းဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သမီးလေးအပေါ် ထားရှိတဲ့ သူ့ရဲ့မေတ္တာတရားကို ပြောပြခဲ့ပါတယ်။

"ကျွန်တော့်ဘဝရဲ့ အခန်းသစ်တစ်ခန်းလို့ ခံစားရတယ်။ ပြီးတော့ သမီးက ကျွန်တော့်ကိုယ်ကျွန်တော်ထက် တန်ဖိုးထားရတဲ့ သူတစ်ယောက်။  ကျွန်တော့်ကို နှစ်ပေါင်းများစွာ စောင့်ကြည့်လာပေးတဲ့ လူတွေရဲ့ ကျေးဇူးကြောင့် ခင်ပွန်းနဲ့ ဖခင်တစ်ယောက်အဖြစ်ကို ကျွန်တော် တည်တည်ငြိမ်ငြိမ်ပဲ ပြောင်းလဲနိုင်ခဲ့တယ်။ ကမ္ဘာကြီး ပိုမိုကောင်းမွန်လာအောင် ကူညီပေးမယ့် ကလေးလေးတစ်ယောက် ဖြစ်လာအောင် သမီးကို ကျွန်တော် ပြုစုပျိုးထောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ရိန်းက ပြောပြခဲ့တာပါ။

"အခုကစပြီး ကျွန်တော့်ရဲ့မိသားစုအကြောင်းကို လူသိရှင်ကြား ပြောဖြစ်ချင်မှ ပြောဖြစ်တော့မယ်။ အဲဒီလိုပြောတာက ကျွန်တော့်သမီးနဲ့ ဇနီးအတွက် ကောင်းမယ်လို့ မထင်လို့ပါ" လို့ သူက စကားကို အဆုံးသတ်ခဲ့ပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ရိန်းနဲ့ အသက် ၂၇ နှစ်အရွယ် မင်းသမီး ကင်တေးဟီတို့ဟာ ဆိုးလ်မြို့ရှိ ကက်သလစ်ဘုရားကျောင်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က မင်္ဂလာပွဲ ကျင်းပ လက်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးရဲ့သမီးဦးလေးကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သမီးလေးကိုတော့ ပြသခြင်း မရှိသေးပါဘူး။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD