AD
AD
AD

တောင်ကိုရီးယား မင်သား လီမင်ဟိုဟာ အာရှမှာတင်မကဘဲ ကမ္ဘာမှာပါ နာမည်ကြီးသူဖြစ်ကြောင်းကို သိလိုက်ရတာပါပဲ။

အမေရိကန်ပြည်ထောင်စု၊ လော့ဆန်းဂျလိစ်မှာပြုလုပ်တဲ့ Miss Universe 2017 ပြိုင်ပွဲကို နိုင်ငံအသီးအသီးက ကိုယ်စားပြုအလှမယ်တွေ သွားရောက်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ အဲဒီထဲမှာ ကိုရီးယားနိုင်ငံ ကိုယ်စားပြုMiss ချိုစီဝှီးလည်း ပါဝင်ခဲ့ပါတယ်။

play

 

ဂါနာအလှမယ် Ruth Quarshie က ဂူဂျွန်ဖြိုး (လီမင်ဟို) ရဲ့ ဖုန်းနံပါတ်နဲ့အင်စတာဂရမ်အကောင့်ကို အကြိမ်ပေါင်း ၈၀ ကျော် တောင်းတယ်လို့ ကိုရီးယားအလှမယ် ချိုစီဝှီးက ပြန်ပြောပြပါတယ်။

ပိုပြီးအံ့သြစရာကောင်းတာက အသက် ၂၃ နှစ်အရွယ် ဂါနာအလှမယ်ဟာ လီမင်ဟိုနဲ့ ပတ်သက်ပြီး အားလုံးကို သိနေတာပါပဲ။ လီမင်ဟိုက ဆူဇီနဲ့ ပြီးခဲ့တဲ့လက ပြတ်သွားပြီး အခု Single ဖြစ်သွားပြီဆိုတာကိုလည်း သူမက သိနေပါတယ်။

play

 

လီမင်ဟိုရဲ့ နာမည်ကြီးမှုက အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂါနာနိုင်ငံအထိ ရှိနေတာဟာချိုစီဝှီးအတွက် အံ့သြမကုန်နိုင်ဖြစ် စေရတာပါ။

ဂါနာအလှမယ် Ruth Quarshie ဟာ အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ညက ကျင်းပတဲ့ Miss Universe ပြိုင်ပွဲမှာ ဆန်ခါတင် ၁၆ ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

play

 

အဲဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၉၂ နိုင်ငံက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ်ဇွန်သံစဉ်လည်းပါဝင်ခဲ့ပါတယ်။

Source : Nextstark

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD