AD
AD
AD

အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်မင်းသမီးချောရူဘီရို့စ်ဟာ တေလာဆွစ်ဖ် Fans တစ်ယောက်ပါ။

play

 

Yahoo 7 ရဲ့ အင်တာဗျူးတစ်ခုမှာ 'ကျွန်မ ဒီအင်တာဗျူးဖြေနေတာကို တေလာသာကြည့်ဖြစ်ခဲ့ရင် ပြောချင်တာရှိပါတယ်။ ကျွန်မတို့နှစ်ယောက် သီချင်းတစ်ပုဒ်လောက် တူတူထုတ်သင့်တယ်။ ကျွန်မလည်းအဆိုအရမ်းဝါသနာပါတယ်လေ။

နောက်ပိုင်း သရုပ်ဆောင်ရင်းနဲ့သီချင်းဆိုရတာတွေလည်းရှိလာတော့ ကျွန်မနဲ့တူတူသီချင်းတစ်ပုဒ်လောက်ထုတ်ဖို့ စိတ်ကူးမလွဲစေချင်ဘူး။ နောက်နှစ်လောက်ဖြစ်ဖြစ်ပေါ့။' လို့ သူမကဆိုပါတယ်။

play

 

တေးဂီတပိုင်းနဲ့ဆိုင်တဲ့ ဟာသရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Pitch Perfect 3 ရုပ်ရှင်ဇာတ်ကားမှာလည်း အဆိုတော်ကောင်မလေး တစ်ယောက် အဖြစ်ပါဝင် သရုပ်ဆောင်ထားသေးတဲ့ ရူဘီဟာ Orange is The New Black ဇာတ်လမ်းတွဲနဲ့စတင်နာမည်ရလာသူဖြစ်ကာ အခြားရုပ်ရှင်ဇာတ်ကား အချို့မှာလည်း မကြာခဏပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

play

 

သာမန်မိန်းကလေးတွေနဲ့မတူဘဲ ယောက်ျားဆန်ဆန်စတိုင်လ်နဲ့ ထူးခြားတဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့သူမဟာ ဖက်ရှင်လောကရဲ့ မျက်စိကျခြင်းကိုခံရတဲ့ မော်ဒယ်မင်းသမီးတစ်ဦးဆိုလည်းမမှားပါဘူး။

Resident Evil: The Final Chapter, xXx: Return of Xander Cage နဲ့ John Wick: Chapter 2 ဇာတ်ကားတွေမှာ ခပ်ကြမ်းကြမ်းဖိုက်တင် ခန်းတွေနဲ့အတူတွေ့ခဲ့ရတဲ့သူမဟာ မကြာခင်ရက်ပိုင်းမှာရုံတင်ပြသမယ့် Pitch Perfect 3 မှာတော့ ခပ်မိုက်မိုက် အဆိုတော်မလေးအဖြစ် တွေ့ရဦးမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD