AD
AD
AD

ဂျိုလီနဲ့ပစ်တို့ လမ်းခွဲပြတ်စဲလိုက်ပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်စိတ်မကောင်းဖြစ်ခဲ့ကြရပြီးတဲ့နောက်မှာတော့ အခုဂျိုလီက သူတို့နှစ်ယောက် အလုပ်အတူတူတွဲလုပ်ဖြစ်တာမျိုးထပ်ရှိခဲ့ရင်တော့ နှစ်ယောက်ကြားကအခြေအနေတွေ ပြန်ကောင်းလာနိုင်တယ်လို့ ဆိုလာပါတယ်။

play

 

၂၀၁၆ စက်တင်ဘာမှာစတင်ပြီး ခွဲခွာနေကြတဲ့ သူတို့နှစ်ယောက်ဟာ အရင်က By The Sea နှစ်ယောက်တွဲ ဒရာမာဇာတ်ကားတစ်ကားရိုက်ခဲ့ဖူးပြီး အဲ့လိုရိုက်ခဲ့တုန်းကလည်း အဲ့လိုရိုက်ဖြစ်ခဲ့တဲ့အတွက် နှစ်ဦးကြားကဆက်ဆံရေးနဲ့နားလည်မှုအခြေအနေတွေ ကောင်းလာခဲ့ဖူးတယ်လို့ ဂျိုလီက ပြောပြပါသေးတယ်။

play

'သရုပ်ဆောင်နေရတာဆိုပေမယ့် နှစ်ယောက်တူတူအလုပ်လုပ်တဲ့အခါ၊ သရုပ်ဆောင်ဖြစ်တဲ့အခါမှာ ကျွန်မတိုကနှစ်ယောက်ကြားမှာ ရင်းနှီးနားလည်မှုပိုတိုးလာတာတော့ သေချာပါတယ်။' လို့လည်း ဂျိုလီကရှင်းပြခဲ့ပါတယ်။

သရုပ်ဆောင်ပိုင်းတင်မဟုတ်ဘဲ ဒါရိုက်တာအဖြစ်ပါ အနုပညာအလုပ်တွေလုပ်ကိုင်နေပြီဖြစ်တဲ့ ဂျိုလီဟာ ပစ်နဲ့ဇာတ်ကားတစ်ခုခုမှာတူတူထပ်သရုပ်ဆောင်ဖြစ်မလား၊ ဒါရိုက်တာအဖြစ်နဲ့ပဲရုပ်ရှင်ဇာတ်ကားတွေရိုက်ဖြစ်မလားဆိုတာတော့ မသေချာသေးဘူးလို့ဆိုပါသေးတယ်။

play

၂၀၀၅ ခုနှစ်မှာရုံတင်ပြသခဲ့ Mr. & Mrs. Smith အက်ရှင်ဒရာမာကားကို စတင်ရိုက်ကူးချိန်ကစပြီး နှစ်ဦးသားချစ်ကြည်ရင်းနှီးမှုတွေစတင်လာခဲ့တဲ့သူတို့ဟာ ၂၀၁၅မှာ By The Sea ရိုက်ကူးပြသပြီး ၁နှစ်ကြာပြီးမှ လမ်းခွဲပြတ်စဲဖို့ဖြစ်ခဲ့တာပါ။ အခုလိုဂျိုလီ့ဘက်က ရင်ဖွင့်ပြောပြလာတဲ့နောက်မှာတော့ Fans တွေက နှစ်ယောက်သားပြန်လက်တွဲပေါင်းထုပ်ဖို့ကို အမျှော်လင့်ကြီးမျှော်လင့်နေကြတယ်လို့လည်း ဂျိုလီ့ဘက်ကတာဝန်ရှိသူတွေက ပြောပြခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD