တောင်ကိုရီးယား သရုပ်ဆောင်များဖြစ်ကြတဲ့ ကန်ဆိုရာ (Kang Sora) နဲ့ ဟွန်ဘင်း (Hyun Bin) တို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သူတို့ရဲ့အေဂျင်စီတွေက အတည်ပြုလိုက်ပါပြီ။

play

 

"ကန်ဆိုရာကို မေးကြည့်ပြီးပါပြီ။ သူမနဲ့ ဟွန်ဘင်းတို့က မကြာသေးမီကပဲ လမ်းခွဲလိုက်ကြတယ်လို့ သူမက ပြောပါတယ်" လို့ ကန်ဆိုရာရဲ့ အေဂျင်စီ Plum Actors က ဖြေကြားခဲ့ပါတယ်။

ဟွန်ဘင်းရဲ့အေဂျင်စီ VAST Entertainment ကလည်း အခုလို တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

"ဟွန်ဘင်းနဲ့ ကန်ဆိုရာတို့က များပြားလှတဲ့ အလုပ်တွေကြောင့် ဝေးကွာနေခဲ့ကြပြီးတဲ့နောက် မကြာသေးမီကပဲ လမ်းခွဲလိုက်ကြတယ်ဆိုတာကို အတည်ပြုပါတယ်။ သူတို့ရဲ့ဆက်ဆံရေးကို ကောင်းကောင်းမွန်မွန်ပဲ အဆုံးသတ်ခဲ့တာဖြစ်ပြီး သရုပ်ဆောင် မောင်နှမတွေအဖြစ် တစ်ယောက်နဲ့တစ်ယောက် ဆက်လက်ပြီး ကူညီပံ့ပိုးပေးသွားမှာပါ" လို့ VAST Entertainment က ဆိုပါတယ်။

ဟွန်ဘင်းနဲ့ ကန်ဆိုရာတို့ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ တွေ့ဆုံခဲ့ကြပြီး ၂၀၁၆ ဒီဇင်ဘာလမှာ ချစ်သူတွေဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ဟွန်ဘင်းဟာ My Name Is Kim Sam-soon (2005), The World That They Live In (2008), Secret Garden (2010-2011) စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ လူသိများလာသူဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကန်ဆိုရာကလည်း ဇာတ်လမ်းတွဲ အတော်များများမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ဆုများစွာလည်း ရရှိခဲ့ပါတယ်။

Source : soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video