အရင်တုန်းက ပြတ်လိုက်ဆက်လိုက်ဖြစ်ပြီးတဲ့နောက် လက်ရှိမှာ အချစ်ကြီးပြန်ချစ်နေကြပြီဖြစ်တဲ့ ဆယ်လီနာနဲ့ဂျေဘီတို့စုံတွဲဟာ နောက်ဆို ဒီထက်ပိုအဆင်ပြေလာတော့မယ့် အနေအထားပါ။

ဂျေဘီဟာ သူကအခုဆိုရင် ဆယ်လီနာအတွက် ပိုကြင်နာယုယပြီး ပိုကောင်းတဲ့ချစ်သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြမယ်လို့ အင်တာဗျူးတစ်ခုမှာဖြေကြားထားပါတယ်။

play

 

ဂျေဘီဟာ အရင်တုန်းကဆယ်လီနာအပေါ်ဆိုးခဲ့တာတွေရှိခဲ့တဲ့ လူဆိုးလေးတစ်ယောက်လိုမနေတော့ဘူးလို့လည်း ကတိပေးပါတယ်တဲ့။ ဆယ်လီနာဘက်က တာဝန်ရှိသူတွေပြောပြချက်အရ 'အခု သူတို့နှစ်ယောက် အရမ်းအဆင်ပြေနေကြပြီ' လို့ ဆိုပါတယ်။

အခုဆိုရင် နှစ်ယောက်အတူတူရှိတဲ့အချိန်တွေပိုများလာတဲ့ ဆယ်လီနာနဲ့ဂျေဘီဟာ သူတို့နှစ်ယောက်အကြောင်းကို လူတွေသိပ်စိတ်မ၀င်စားစေချင်တဲ့အနေအထားမှာလည်း ရှိပါတယ်။ ညစာအတူတူစားတာတွေ၊ ဘုရားကျောင်းအတူတူသွားတာတွေလည်းရှိနေတဲ့ သူတို့နှစ်ယောက်မှာ ဂျေဘီအခုလိုဆယ်လီနာ့ကိုဂရုတစိုက်အချိန်ပေးနေတာကပဲ အရင်ကထက် ပိုသိနားလည်ပြီး ပိုကောင်းလာတယ်လို့ဆိုရမယ်လို့ ဆယ်လီနာ့ Fan တစ်ယောက်ကလည်း မှတ်ချက်ပေးပါတယ်။ ဆယ်လီနာ့ဘက်ကမိသားစုတွေကလည်း ဂျေဘီနဲ့တော်တော်ပြန်အဆင်ပြေနေကြပြီလို့ ဆယ်လီနာ့ဘက်က တာဝန်ရှိသူတွေက ပြောပြပါတယ်။

play

 

ဆယ်လီနာ ကျောကပ်လဲလိုက်ရတဲ့သတင်းကြောင်း တစ်ယောက်နဲ့ တစ်ယောက် အရင်တုန်းက မကျေနပ်ချက်တွေကို မေ့လိုက်ပြီး မိတ်ဆွေတွေအဖြစ် ပြန်အဆင်ပြေအောင် ကြိုးစားခဲ့ကြရင်းက မကုန်သေးတဲ့ သံယောဇဉ်တွေကြောင့် သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုက ခဏတွင်းချင်းမှာ  တဆင့်ချင်း တိုးတက်လာကြတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video